Friday, May 3, 2024

လေကြောင်းတိုက်ခိုက်

ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို ယနေ့ (မတ်လ၂၂) ရက် နံနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဆေးရုံအဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားသလို လူထိခိုက်ဒဏ်မှုလည်း ရှိကြောင်းသိရသည်။ အဆိုပါ...

နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး

စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက် သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း...

လားရှိုးမြို့အနီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲနေ

လားရှိုးမြို့အနီး ယနေ့(အောက်တိုဘာ ၂၇ ရက်) နံနက်ပိုင်းတွင် တစ်ကြိမ် ညနေပိုင်း ၄ နာရီတွင်တစ်ကြိမ် စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့အနီး ယနေ့ နံနက် ၄နာရီမှ စတင်ပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ အထိနာသဖြင့်...

မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ

မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို...

“စစ်ကောင်စီ အထိနာလို့ လေကြောင်းနဲ့တိုက်ခိုက်လာခြင်းဖြစ် “ဟု TNLA ပြော

သျှမ်းပြည် မူဆယ်ခရိုင်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ . မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအနီးမှာ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတဲ့ အချိန် စစ်ကောင်စီဘက်က လက်နက်ကြီး/ လက်နက်ငယ်...

မိုးဗြဲမြို့ တိုက်ပွဲဆက်ပြင်းထန်၊ စစ်ကောင်စီဘက်မှ (၁၀) ဦး သေဆုံး

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့အကြား ဇွန် ၅ ရက်နေ့က တိုက်ပွဲဆက်လက် ပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၅ ရက် နံနက်အစောပိုင်းမှ ညနေပိုင်းအထိ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် မိုးဗြဲကာကွယ်ရေးတပ်...

လေကြောင်းတိုက်ခိုက် ခံနေရသည့် သျှမ်း – ကယားနယ်စပ်ရှိ စစ်ရှောင်များ အကူညီလိုအပ်နေ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံစားနေရသည့် သျှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်း မှစ၍ သျှမ်း - ကယားနယ်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီမှ ပစ်မှတ်ထားပြီး လေကြောင်းဖြင့် ပိုမို...

ဒီမော့ဆို အနောက်ဘက်ခြမ်းကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

ကရင်နီပြည် (ကယား) ဒီမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း နှင့် ဒေသခံ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် စဉ်ဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက်ပိုင်း ၉ နာရီမှ စပြီး ဒီမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း...

စစ်ကောင်စီမှ ဆေးရုံ/ဆေးခန်းအပေါ် ဗုံးကြဲမှု အရှိန်တိုးမြှင့်၊ နိုင်ငံတကာမှ မသိကျိုးကျွန်ပြုနေ ဟု MOH NUG ထုတ်ပြန်

စစ်ကောင်စီ သည် အရပ်သားများကို ကုသပေးနေသည့် ဆေးရုံ/ဆေးခန်းများအပေါ် ယခုလ (ဧပြီ)အတွင်း လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြှင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။ လက်ရှိမှာ စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး...

မုံးကိုးဒေသ MNDAA တပ်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်၊ MNDAA တပ်သားတစ်ဦး ကျဆုံး ၅ဦးထိခိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသတွင် စစ်ကောင်စီမှ ကိုးကန့်တပ် (MNDAA) ရှိသည့်နေရာကို Su-30 တိုက်လေယာဥ်ဖြင့် ပစ်ခတ်သဖြင့် MNDAA ဘက်မှ တပ်သားတစ်ဦးကျဆုံးခဲ့ပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၂၆ရက် နံနက် ၁နာရီကျော်တွင် စစ်ကောင်စီဘက်မှ Su-30 တိုက်လေယာဦဖြင့် MNDAA တပ်စခန်းကို...

Latest news