မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ အရှေ့ပိုင်း ရှိ ရွှေဂူရပ်ကွဥ် လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သား ၂၁ဦးသေဆုံးခဲ့သည်။


ထိုသေဆုံးသွားသည့် ထဲတွင် ကိုယ်ဝန်ဆောင် တစ်ဉီး၊အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး တို့ ဖြစ်ကြောင်း သိရသည်။

“ အခုထိတဲ့သူတွေက ပြည်သူတွေ အမျိုးသမီးတွေများတယ်။ နောက်ကိုယ်ဝန်သည် တစ်ဉီးပါတယ်၊ မိုးကုတ်က TNLA ထိန်းချုပ်ပေမယ့် ထိခိုက်ရင် အရပ်သားပဲထိ သေနေတာ။ TNLA ကို ထိမှန်တာမရှိဘူး။ “ ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကော်မရှင်နှင့် TNLA တို့သည် သြဂုတ် ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများထွက်ပေါ်ပြီး၊ မတွေ့ဆုံခင် ပြည်သူများအနေဖြင့် စိုးရိမ်စရာဖြစ်နေပြီး၊ တွေ့ဆုံပြီးနောက်လည်း စစ်ကော်မရှင် လိုချင်သည့် အရာမရခဲ့လျှင်လည်း ပြည်သူများထပ်မံပေးဆပ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီအချိန်တွင် မိုးကုတ်မြို့ လင်းရောင်ချည်ဘုန်းကြီးကျောင်းကို စစ်တပ်မှ ဗုံးကြဲအပြီး အပျက်စီးများနှင့် အတူ တွေ့မြင်ရသည့်ပုံ

ယမန်နေ့ (သြဂုတ် ၁၄)ရက် ညနေ ၈နာရီတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု လုပ်ရက်သည် ဆိုးရွားကြောင်း၊ ဗုံးဒဏ်ကြောင့် လူများလည်း တစစီဖြစ်သွားကြောင်း။ စစ်ကော်မရှင် အနေဖြင့် အရပ်သားကို ဦးတည်ပြီး လေကြောင်းဗုံးကြဲမှုကို ရပ်တန့်ပေးစေလိုကြောင်းလည်း မိုးကုတ်ဒေသခံ အမျိုးသမီး တစ်ဉီးကပြောသည်။

“ မနေ့က ဖြစ်ရပ်ကတော်တော်ဆိုးရွားတယ်။ ဒဏ်ရာရသူလည်း စိုးရိမ်ရသလို သေတဲ့သူတွေလည်း အလောင်းတွေ တစစီဖြစ်သွားတယ်။ အရပ်သားကို ဦးတည်ပြီး ပစ်တာ ရပ်စေချင်တယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။


အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ နှင့် ဩဂုတ်လ ၂ ရက်နေ့တွင်လည်း မိုးကုတ်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာတော် တစ်ပါးအပါအဝင် ပြည်သူ ၁၇ဦးသေဆုံးပြီး ပြည်သူ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဩဂုတ်လ ၁၄ ရက်အထိ (၈)လအတွင်း စစ်ကောင်စီ၏လေကြောင်း ဗုံးကြဲမှုကြောင့် ကလေး ၁၂ ဦး အပါအဝင် ၅၈ သေဆုံးခဲ့ပြီး ကလေး ၄ဦး အပါအဝင် ၈၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားသော စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...