လားရှိုးမြို့အနီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲနေ

လားရှိုးမြို့အနီး ယနေ့(အောက်တိုဘာ ၂၇ ရက်) နံနက်ပိုင်းတွင် တစ်ကြိမ် ညနေပိုင်း ၄ နာရီတွင်တစ်ကြိမ် စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့အနီး ယနေ့ နံနက် ၄နာရီမှ စတင်ပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လာကြောင်း သိရသည်။

“စစ်တပ်ကတော့ လေကြောင်းနဲ့တိုက်ခိုက်နေတယ်။ မနက် (၄)နာရီကနေ (၁၀)နာရီမှာ လေကြောင်းတိုက်တာ တစ်ကြိမ်၊ ညနေ ၄နာရီလောက်ကစပြီး လေကြောင်းနဲ့ ထပ်တစ်ကြိမ် ဗုံးကြဲတယ်” ဟု စစ်မြေပြင်တွင် နေထိုင်သည့် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သတင်းရေးသားနေသည့် ညနေ ၄နာရီခွဲကျော် အချိန်ထိ စစ်ကောင်စီက လေယာဉ်အသုံးပြု တိုက်ခိုက်နေပြီး၊ လေယာဉ်ဖြင့် ကင်းလှည့်နေသည့် သဘောရှိကြောင်း ၎င်းကပြောသည်။

“သူတို့တွေ အင်အားအများကြီး ထပ်ဖြည့်တယ်ထင်တယ်။ အခုကျနော်အိမ်ကို ဗုံးလာမှန်တယ်။ အခုအိမ်ပြင်မထွက်ရဲသေးဘူး။ အိမ်က တောအုပ်နဲ့လည်း နီးတော့ လူရှိတယ်ထင်ပြီး ကျဲချတာလားမသိဘူး။ အခု လေယာဉ် ၃ စီး ထပ်တက်လာတယ်”ဟု လားရှိုးမြို့အနီးရှိ ကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် အသုံးပြုပြီး တိုက်ခိုက်နေသည့်အပေါ် ပြည်သူများက စိုးရိမ်နေကြကြောင်း တိုက်ပွဲထဲပိတ်မိနေသည့် အမျိုးသားက ဆိုသည်။

“အိမ်မှာကလဲ အသက် ၆၀ ကျော် အမေအို ကျန်နေသေးတော့ သူ့ကို စိုးရိမ်တာ။ ကျတော်တို့အိမ်က ၂ ထပ်အိမ်ဆိုတော့ အမေ့ကို ကုတင်အောက် ဝင်ပုန်းနေဖို့ ပြောထားရတယ်။ အိမ်နားမှာလဲ ဗုံးခိုကျင်းတူးထားတာလဲရှိတော့ အဲ့မှာသွားခိုဖို့ ပြောထားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ လားရှိုးမြို့နယ် မက်ခိနု၊ ပန်စိန်း၊ ကောင်းဖြို၊ ဝမ်မွန်းနှင့် ဟိုနမ့်ကျေးရွာတို့မှ ပြည်သူများသည် လားရှိုးမြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေရသည်။

လက်ရှိတွင် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေး‌ရှောင်ဦးရေ ၄၀၀ ခန့် ရောက်ရှိနေပြီး ဟိုပိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ဘေးရှောင်ဦးရေ ၂၀၀ ကျော် ရောက်ရှိခိုလှုံနေသည်ဟု လားရှိုး‌‌ဒေသခံများထံမှ သိရသည်။

“ခုနလေးတင်ပဲ မနက်တုန်းကလို လားရှိုး လေယာဉ်ကွင်းဘက်ကနေ လေယာဉ်သံတွေ ပြန်တက်လာတာ။ သူတို့ပြောသံကြားတာ အပြင်ကနေလဲ အင်အားတွေထပ်ဖြည့်ပြီး ဒီည လားရှိုးမြို့ထဲကို ဝင်လာမယ်ထင်တယ်”ဟု လားရှိုးမြို့ပေါ်ရှိ ဆွေမျိုးနေအိမ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်ရှိ ဒေသခံပြည်သူများမှာ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကာ မြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေရသည်ဟု ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...