စစ်ကောင်စီနှင့် TNLA ဆွေးနွေးမှု မအောင်မြင်မှုကြောင့် နောင်ချိုကို လေကြောင်း ဗုံးကြဲ၊ ၃ ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားတပ်မတော် (TNLA)တို့ ဆွေးနွေးမှု မအောင်မြင်မှုကြောင့် စစ်ကောင်စီမှ နောင်ချိုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ (၃)ဦး သေဆုံးပြီး (၄)ဦးဒဏ်ရာ ရရှိသည်ဟု စုံစမ်းသိရှိရသည်။

TNLAနှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနိူင်းရန်ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇)ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ရသည်။

စစ်ကောင်စီကို TNLA ဘက်မှ အချက် (၃)ချက်တောင်းဆိုရာတွင် နှစ်ဘက်တပ်ရောက်ရှိနေသော နေရာတွင် ရပ်တန့်ထားပြီး အပစ်ခတ် ရပ်စဲရန်၊ နှစ်ဘက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်း၊လက်နက်ကြီး၊ လေယာဉ် အစရှိသည့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် နှင့် နှစ်ဘက်ထိန်းချုပ်ဒေသအတွင်း ဒေသခံများ စားဝတ်နေရေးနှင့် ဆေးဝါးများသယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် အစရှိသည်တို့ ဖြစ်သည်။

ထို့ကြောင့် ဆွေးနွေးပွဲ ပြီးဆုံးပြီး ယမန်နေ့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ညနေ (၈) နာရီကျော် အချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLAမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် TNLAတို့ ဆွေးနွေးမှု မအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုမိုဆိုးရွားလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့တွေ ဆွေးနွေးတာ မအောင်မြင်ရင်တော့ လေကြောင်းတိုက်ခိုက်တာ ပိုဆိုးလာနိုင်တယ်။ ဒါတွေက စစ်ကောင်စီဖက်မှ လုပ်ဆောင်လာခဲ့တဲ့ နည်းပရိယာယ်တစ်ခုဖြစ်တယ်။ တရုတ်ဖက်ကလည်း စစ်ကောင်စီကို လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်ဖို့တော့ ပြောထားပေမဲ့ တားဆီးခြင်းမရှိတော့ ပိုပြီး တိုက်ခိုက်လာနိုင်တယ်။” ဟု သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီနှင့် TNLAတို့သည့် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ၂၀၁၄ခုနစ် အောက်တိုဘာလမှစတင်ကာ ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးလက်နက်ငယ်နှင့် လေကြောင်းထိုစစ်ဆင်မှုသာ ရှိခဲ့သည်။

၂၀၂၄ခုနစ် အောက်တိုဘာလ သီပေါမြို့က TNLA သိမ်းပိုက်ပြီးနောက် တိုက်ပွဲများငြိမ်သက်လာသဖြင့် သီပေါမြို့ ဒေသခံများက မိမိနေရပ်ကို ပြန်နေကြသည်။ သို့သော် လက်ရှိမှာ စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးမှုများ အဆင်မပြေဘဲ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဖိအားပေး ထိုးစစ်ပြန်စလာမည်ကို ပြည်သူများက စိုးရိမ်နေရသည်။

စစ်ကောင်စီ က TNLA ထိန်းချုပ်သည့်နေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်

“ TNLA ထိန်းချုပ်တဲ့နေရာတွေ ကတော့ စိတ်ပူနေရတယ်။ စစ်ကောင်စီရဲ့ အကျင့်ပဲလေ။ ဆွေးနွေးမှုမနိုင်ရင် လေကြောင်းနဲ့ဗုံးကြဲဖိအားပေးမယ်။ တိုက်ပွဲငြိမ်လို့ ပြည်သူက နေရပ်ပြန်ကာစရှိသေး အခုက ပြန်ကြောက်နေရပြီ၊ ပြည်သူတွေဘေးကင်းဖို့ပဲ ဆုတောင်းနေရတယ်” ဟု တောင်ကြီးရောက် သီပေါမြို့မှ စစ်ဘေးရှောင်လာသူ တစ်ဉီးက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီနှင့် TNLA တို့တရုတ်မှာ ဆွေးနွေးနေစဉ်အတောအတွင်းမှာလည်း နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၄)ရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့နောက် ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင်လည်း TNLAထိန်းချုပ်ထားသည့် ကွတ်ခိုင်-နမ္မတူကြားကို စစ်တပ်မှ လေကြောင်း အသုံးပြုတိုက်ခိုက်သောကြောင့် ဒေသခံများ ကြောက်လန့်နေခဲ့ကြသည်။

စစ်ကောင်စီ က TNLA ထိန်းချုပ်သည့်နေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် TNLAထိန်းချုပ်နယ်မြေဖြစ်သည့် မိုးကုတ်မြို့ကို စစ်တပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းကြောင့် ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်စေရန် စစ်ရေးအမြဲသတိရှိရန်လိုအပ်သည်ဟု TNLAမှ အသိပေးပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...