နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး

စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ မှတ်တမ်းများအရ သိရသည်။

“နမ့်ဆန်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲစတာပေါ့နော်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့ အတောအတွင်းမှာဆိုရင် ကျမတို့ စာရင်းပြုစုထားတဲ့ စာရင်းအရဆိုရင် သေဆုံးတာက ၈ ဦးရှိတယ်။ ပြီးရင် နေအိမ်ကတော့ အလုံး ၈၀ ထက်မနည်း ထိခိုက်ပျက်စီးတာရှိတယ်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်တဲ့ ကာလပေါ့”ဟု တအာင်းအမျိုးသမီးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဆန်ဆေးရုံအပျက်အစီး

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ့်ဆန်ပြည်သူ့ဆေးရုံရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဇယ်ဘန်ကောက်ရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ မိုင်းအခို၊ ၂၂ နှစ်အရွယ်ရှိ မိုင်းစိုင်းစိုင်းနှင့် ၃၃ နှစ်အရွယ်ရှိ မောင်သန်းမောင်တို့ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

“နမ့်ဆန်မှာ သေသွားတဲ့ ၃ ယောက်ကကျတော့ အဲ့ဒီနေ့တုန်းကတော့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားတော့ ရှိတယ်။ အဲ့ဒီမှာက လက်နက်ကြီးကျပြီးမှ သေဆုံးတာလဲ ရှိသလို လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် သေတာလဲရှိတယ်။ အဲ့ဒီမှာ သေသွားတဲ့ ၃ ယောက်က တိုက်ပွဲကြားက လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့တာ”ဟု တအာင်းအမျိုးသမီးအဖွဲ့မှ ၎င်းပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်မှ အသက် ၃၃ နှစ် အရွယ်ရှိ ကိုဟိန်းလတ် ဆိုသူ သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရကာ စစ်ဘေးရှောင်ရန် နေအိမ်မှထွက်ခွာမည့် အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း နမ့်ဆန်မြို့ ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၄ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် တစ်လခွဲကျော်ကာလအတွင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၁၀၀ နီးပါးခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...