Wednesday, January 28, 2026

နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး

စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်

သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ မှတ်တမ်းများအရ သိရသည်။

“နမ့်ဆန်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲစတာပေါ့နော်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားနေတဲ့ အတောအတွင်းမှာဆိုရင် ကျမတို့ စာရင်းပြုစုထားတဲ့ စာရင်းအရဆိုရင် သေဆုံးတာက ၈ ဦးရှိတယ်။ ပြီးရင် နေအိမ်ကတော့ အလုံး ၈၀ ထက်မနည်း ထိခိုက်ပျက်စီးတာရှိတယ်။ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်တဲ့ ကာလပေါ့”ဟု တအာင်းအမျိုးသမီးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဆန်ဆေးရုံအပျက်အစီး

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် နမ့်ဆန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နမ့်ဆန်ပြည်သူ့ဆေးရုံရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဇယ်ဘန်ကောက်ရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ မိုင်းအခို၊ ၂၂ နှစ်အရွယ်ရှိ မိုင်းစိုင်းစိုင်းနှင့် ၃၃ နှစ်အရွယ်ရှိ မောင်သန်းမောင်တို့ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

“နမ့်ဆန်မှာ သေသွားတဲ့ ၃ ယောက်ကကျတော့ အဲ့ဒီနေ့တုန်းကတော့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားတော့ ရှိတယ်။ အဲ့ဒီမှာက လက်နက်ကြီးကျပြီးမှ သေဆုံးတာလဲ ရှိသလို လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် သေတာလဲရှိတယ်။ အဲ့ဒီမှာ သေသွားတဲ့ ၃ ယောက်က တိုက်ပွဲကြားက လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့တာ”ဟု တအာင်းအမျိုးသမီးအဖွဲ့မှ ၎င်းပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်မှ အသက် ၃၃ နှစ် အရွယ်ရှိ ကိုဟိန်းလတ် ဆိုသူ သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရကာ စစ်ဘေးရှောင်ရန် နေအိမ်မှထွက်ခွာမည့် အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း နမ့်ဆန်မြို့ ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၄ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် တစ်လခွဲကျော်ကာလအတွင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၁၀၀ နီးပါးခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...