Thursday, April 25, 2024

နမ့်ဆန်မြို့

နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံး

စိုင်းခွမ်မိန်း၊ ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက် သျှမ်းပြည် နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် တစ်ပတ်အတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ TNLA တပ်ဖွဲ့၏ နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း...

နမ့်ဆန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး အပါအဝင်၊ နေအိမ်အများအပြားက မီးလောင်ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၂၁) ရက်နေ့ နံနက် ၂ နာရီကျော် မှ စတင်ကာ နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပြီး...

ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် လက်ဖက်အထွက်နှုန်းကျဆင်း၊ တောင်သူများ အရှုံးပေါ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် ခြံတွင်းရှိ လက်ဖက် အထွက်နှုန်းကျဆင်းလာနေပြီး လက်ဖက်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လမှစ၍ လာမည့်မေလပိုင်းအထိ နမ့်ဆန်မြို့နယ်တွင်းရှိ လက်ဖက်စိုက် တောင်သူများသည် ပထမအကြိမ် ဖူးပွင့်သည့် ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေသည့် ကာလဖြစ်သည်။ ထို့သို့ ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေစဉ်ကာလအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊...

နမ့်ဆန်မြို့ တိုက်ပွဲငြိမ်ပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲငြိမ်သက်နေသော်လည်း ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀၀) နီးပါး ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က စစ်ကောင်စီ နှင့် တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

နမ့်ဆန်မြို့ စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲငြိမ်သွားသော်လည်း တစ်ချို့က နေရပ်ပြန်သွားပြီး တစ်ချို့က နေရပ် မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီပေးသည့် အမျိုးသမီး...

နမ့်ဆန်မြို့ စစ်ရှောင် တချို့ နေရပ်ပြန်၊ နှစ်ဖက် တပ်ဖွဲ့ စစ်ရေး အင်အားဖြည့်တင်းနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ပေါ် နှင့် ဇယန်းကြီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်များ အချို့သည် နေရပ် ပြန်နေကြသော်လည်း နှစ်ဖက် တပ်ဖွဲ့ မှ စစ်အင်အား ဖြည့်တင်းနေကြကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၆) ရက်တွင် နမ့်ဆန်မြို့ပေါ်သို့ ရောက်ရှိလာသော စစ်ရှောင်အချို့သည် စိုးရိမ်စိတ်များဖြင့် ပြန်သွားကြပြီး...

နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁,၀၀၀) ကျော် နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သိရသည်။ စစ်ဘေးရှောင် များပြားသောကြောင့် နေထိုင်ရာအတွက် ရေများခက်ခဲနေပြီး...

နမ့်ဆန်တိုက်ပွဲမှ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှာ စစ်ကောင်စီသည် ဂျက်လေယာဥ်မှ ပစ်လိုက် သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အခြေချ တပ်စခန်းရှိရာ...

နမ့်ဆန်မြို့နယ် TNLA အခြေစိုက်တပ်ရှိရာ စစ်ကောင်စီလေကြောင်း တိုက်ခိုက် လူနေအိမ်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အခြေစိုက်တပ် ရှိရာကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၇ ) ရက် မွန်းလွဲပိုင်း ၂ နာရီ မြေပြင်တိုက်ပွဲအပြီး...

နမ့်ဆန် ကလေးငယ် နှင့် အမျိုးသမီး (၁) ဦး မန္တလေးမြို့သို့ ဆေးသွားကုရင်း ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ဘုရားကြီးကျေးရွာနေ အသက် (၃၅) နှစ် အရွယ်ရှိ မစုလှဖြူ (ခ) မဖြူဟာ လေးဖြတ်နာ ရောဂါဝေဒနာကို ခံစားနေရသူဖြစ်၍ ၎င်း၏ ကလေးငယ်တစ်ဦး နှင့် မန္တလေးမြို့သို့ ဆေးသွားကုသရင်း ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင်...

Latest news