နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ဆန်မြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ

စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁,၀၀၀) ကျော် နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင် များပြားသောကြောင့် နေထိုင်ရာအတွက် ရေများခက်ခဲနေပြီး တစ်ချို့ စစ်ဘေးရှောင်များ ကိုယ်လွှတ်ရုန်းပြီး ထွက်ပြေးလာရသဖြင့် အဝတ်အစားများမရရှိခဲ့ကြောင်း စစ်ရှောင် ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” အစားသောက်တွေ၊ ရေတွေ ခက်ခဲတာပေါ့။ အလှူငွေလိုအပ်တယ်။ အလှူရှင်တော့ ရှိပါတယ်။ ပြီးတော့ ရေတွေလိုအပ်နေတယ်။ အထွေထွေ အသုံးပြုဖို့ ရေတွေလိုအပ်တယ်လေ။ တစ်ချို့က ကိုယ်တစ်ခု အဝတ်တစ်ထည်ပဲလာတာလည်းရှိတယ်။ အဝတ်တွေ မပါတဲ့သူတွေအတွက်လည်း အဝတ်တွေလိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဘုန်းကြီး တစ်ပါး က မိန့်ကြားသည်။

ထိုသို့ စစ်ဘေးရှောင်များသည် ကုန်းသာ ၊ ပန်လော့၊ ဟူးမန်၊ မန်လုံ၊ ပိန်းလုံ ၊ တာလှည့် နှင့် တာငံကျေးရွာ ဒေသခံများက ထွက်ပြေးတိမ်းရှောင်လာကြသည်။

ထိုအပြင် မန်လုံကျေးရွာတွင်းတွင်လည်း စစ်ဘေးရှောင်တစ်ချို့ ရောက်ရှိနေကြောင်း သိရသည်။

” မန်လုံမှာလည်း စစ်ဘေးရှောင် ၃၀၀ ဝန်းကျင်လောက်ရှိသေးတယ်။ သူတို့ကတော့ မပြေးသေးဘူး။ သူတို့က ဒီမှာနေပြီး ထမင်း၊ ဟင်းတွေ ချက်ပြီးတော့ နမ့်ဆန်က စစ်ဘေးရှောင်တွေကို ပို့ပေးတာရှိတယ်” ဟု မန်လုံ စစ်ဘေးရှောင်ကို ကူညီပေးသူက တစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ပျက်စီးသည့်အပြင် ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန် နှင့် အသားစား တိရစ္ဆာန်များလည်း သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီ နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ဒီဇင်ဘာ ၇ ရက် မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်တွင်လည်း စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ၂၄ ဦး ဖမ်းဆီးမိကြောင်း TNLA တပ်သားများထံသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...