နမ့်ဆန်မြို့ စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၇၀၀ နီးပါး နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

စစ်ရှောင်များ

စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲငြိမ်သွားသော်လည်း တစ်ချို့က နေရပ်ပြန်သွားပြီး တစ်ချို့က နေရပ် မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီပေးသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တစ်ချို့တော့ ပြန်သွားကြပြီ။ တစ်ချို့ကတော့ ရှိနေသေးတယ်။ ၇၀၀ နီးပါးလောက်တော့ ရှိနေတယ်။ မပြန်သေးတဲ့ သူက အသက်ကြီးတဲ့သူနဲ့ ကလေးတွေ ဖြစ်တယ်။ တချို့အိမ်တွေ ပျက်စီးသွားတာရှိတယ်။ တချို့က ပြာကျသွားတာရှိတယ်လေ။ အဲ့ကြောင့် မပြန်နိုင်ကြသေးဘူး” ဟု စစ်ဘေးရှောင်ကို ကူညီပေးသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် ၅၀ ခန့် ပျက်စီးဆုံးရှုံးသွားပြီး ၅ အိမ်ခန့်မှာ မီးရှို့ဖျက်စီးခံခဲ့ရပြီး ပြာကျသွားကြောင်း သိရသည်။

ထိုသို့ စစ်ဘေးရှောင်များ လက်ရှိအချိန်တွင် နေရပ်သို့ ပြန်သွားပြီး နေအိမ်ပြန်တွေ့ပါက စိတ်ထိခိုက် ဒဏ်ရာရရှိနိုင်သောကြောင့် နေရပ်သို့ မပေးပြန်သေးကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး ထံမှ သိရသည်။

“လက်နက်ကြီးကြောင့် နေအိမ် ၅၀ လောက် ပျက်စီးသွားတယ်။ သူတို့ မီးရှို့ဖျက်ဆီးပြီး ပြာကျသွားတာတော့ ၅ အိမ်လောက်ရှိမယ်ထင်တယ်။ သူတို့ အခုပြန်သွားပြီး နေအိမ်တွေကို ပြန်သွားတွေ့ရင် စိတ်ထိခိုက် ဒဏ်ရာရမှာလည်း စိုးရိမ်တယ်လေ” ဟု အထက်ပါ ကူညီပေးသူက ပြောသည်။

စစ်ကောင်စီ နှင့် TNLA တို့သည် ဒီဇင်ဘာ ၇ ရက်က စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ပိုင်း တိုက်ပွဲငြိမ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် ပြည်သူ ၁,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ ၃၀၀ ကျော်ခန့်က နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည်လည်း စစ်ကောင်စီသည် PDF တပ်ဖွဲ့များရှိသည့်အထင်ဖြင့် နားလည်မှုလွှဲပြီး ပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၁၇) ရက် တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...