နမ့်ဆန်မြို့ တိုက်ပွဲငြိမ်ပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲငြိမ်သက်နေသော်လည်း ဇယန်းကြီး ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၁၀၀၀) နီးပါး ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

(Photo:Credit) ကုန်းသာကျေးရွာ

ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်က စစ်ကောင်စီ နှင့် တအာင်း ( ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ကျနော်တို့ (၂၀) ရက်နေ့က ဇယန်းကြီးဘုန်းကြီးကျောင်းမှာ သွားရောက်ကူညီတာ စစ်ရှောင် (၁) ထောင် နီးပါးလောက် ကျန်သေးတယ်။ သူတို့တွေက ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက် လိုအပ်တယ်။ သူတို့ အိမ်တွေလည်း ပျက်စီးကုန်သွားပြီလေ” ဟု စစ်ရှောင်များကို သွားရောက်ကူညီပေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် တိုက်ခိုက်သဖြင့် ကုန်းသာကျေးရွာရှိ ဒေသခံ ပြည်သူနေအိမ်အပါအဝင် ဘုန်းကြီးကျောင်းများလည်း ပျက်စီးဆုံးရှုံးခဲ့သည်။

“သူတို့တွေ (၂) ပတ်ကျော်လောက် ရောက်ရှိနေပြီ။ စားဝတ်နေရေးအတွက်တော့ ခုထက်ထိတော့ အဆင်ပြေနေသေးတယ် ပြန်လည်ထူထောင်ဖို့အတွက်ပဲ ကျန်တယ်။ လာကူညီတဲ့အဖွဲ့တွေလည်း ခုဖြစ်တဲ့ ပြဿနာပဲ လာရောက်ကူညီပေးနေတယ်။ ရေရှည်အတွက်တော့ မရှိသေးဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၆) ရက်တွင် နမ့်ဆန်မြို့ပေါ်သို့ ရောက်ရှိနေသော စစ်ရှောင်တချို့ နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၇) ရက်မှ (၁၃) ရက်ထိ စစ်ကောင်စီတပ် နှင် TNLA တပ်ဖွဲ့တို့ အကြား ပြင်းထန်ခဲ့သည့် တိုက်ပွဲကြောင့် ကုန်းသာကျေးရွာက နေအိမ် (၄၄) အိမ်က လက်နက်ကြီး လက်နက်ငယ် ထိမှန်ပျက်စီးပြီး စစ်ရှောင် ထွက်ပြေးရသည့် ကျေးရွာမှ အိမ်များသည် စစ်ကောင်စီ တပ်သားတို့၏ ဖောက်ထွင်းမွေနှောက်ခြင်း လည်း ခံရကြောင်း သိရှိရဿည်။

နမ့်ဆန်မြို့နယ်မှ အာဏာသိမ်း စစ်တပ် နှင့် TNLA တပ်တို့၏ တိုက်ပွဲအတွင်း ဟူးမန်းကျေးရွာသား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...