နမ့်ဆန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး အပါအဝင်၊ နေအိမ်အများအပြားက မီးလောင်ပျက်စီးရကြောင်း စုံစမ်းသိရသည်။

မီးလောင်သွားသည့် နေရာ

ယနေ့ (ဧပြီ ၂၁) ရက်နေ့ နံနက် ၂ နာရီကျော် မှ စတင်ကာ နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပြီး အသက် ၈၀ ကျော် အရွယ်ရှိ အမျိုးသား တစ်ဦး နှင့် အိမ်နီးချင်း အချို့ မီးဟပ်ဒဏ်ရာ ရသွားကြောင်း သိရသည်။

“မီးလောင်မှုက ဘယ်ကနေ စသလဲတော့ မသိရဘူး၊ မနက် ၂ နာရီမှာ စလောင်တာ၊ မီးသတ်ကားတွေ ရောက်လာတဲ့ အချိန်က ၃ နာရီ လောက် ရှိနေပြီ၊ အမျိုးသား တစ်ဦးက မီးလောင်ထဲ ပါသွားပြီး သေ သွားတယ်၊ တချို့သူ ကလည်း မီးဟပ်တဲ့ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်မှုသည် နံနက် ၂ နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၅ နာရီမှ မီးများကို ငြိမ်းသက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး ရသည့်အပြင် နေအိမ် ၄ လုံးလည်း ပြာကျသွားပြီး၊ တချို့ မီးကူးခံရပြီး မီးလောင်ပျက်စီးရသည့် နေအိမ်လည်း ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် နေအိမ် မီးလောင်ပျက်းစီးရသည့် ဒေသခံများအတွက် ပြန်လည်နေရာချထားရေးနှင့် ကူညီထောက်ပံ့ပေးမှုများ လိုအပ်နေကြောင်း ဒေသအတွင်းက အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုမှာတော့ ပရဟိတ တချို့က လာကြည့်ပေးတာ ရှိတယ်၊ ပြာကျသွားတဲ့ အိမ်တွေ ပြန်ဆောက်နိုင်ဖို့နဲ့ သူတို့ လောလောဆယ်ဆယ် နေနိုင်ဖို့အတွက်ကလည်း စီစဥ်ရအုံးမယ်၊ တစ်နေ့လုပ် တစ်နေ့စားတွေ ဆိုတော့ သူတို့ အတွက် ပြင်ပအကူအညီရနိုင်ရင် ကောင်းမှာ” ဟု အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်သွားသည့်နေရာ

လက်ရှိအချိန်သည် ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်များကို သတိထားကာ ကြိုတင် ရှောင်ရှားသင့်ကြောင်းလည်း နမ့်ဆန်ဒေသအတွင်းက အမည်မဖော်လို ပရဟိတ အသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဘက်က ထင်းမီးတွေကိုပဲ အသုံးပြုကြတာ များတယ်၊ တောင်ယာ အလုပ်သွားတဲ့ အချိန်ဆို မီးကို သေချာ ငြိမ်းသတ်ပေးခဲ့ရာမှာပေါ့၊ အခုချိန်က ခြောက်သွေ့တဲ့ ရာသီလည်း ဖြစ်နေတော့ ပိုပြီးတော့ သတိထားရမှာ၊ မီးလောင်လွယ်နိုင်တဲ့ဟာတွေကိုလည်း သေချာ ထိန်းသိမ်းသင့်တယ်” ဟု အထက်ပါ ပရဟိတက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ရာမှ အသက် (၁၁) နှစ်အရွယ် ကိုရင်တစ်ပါး မီးထဲ ပျံလွန်တော်မူ သွားခဲ့သည်။

၂၀၂၃ ခုနှစ်မှ စတင်ပြီး ယခု ဧပြီလအထိ သျှမ်းပြည်တွင်း မီးလောင်မှုကြောင့် နေအိမ်များ နှင့် ဘုန်းကြီးကျောင်းများ (၁၀၀) နီးပါး မီးလောင် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် သျှမ်းပြည်တွင်း လျှပ်စစ်မီး ပုံမှန် မရရှိသောကြောင့် မီးများ မကြာခဏ ပျက်ပြီး လျှပ်စစ် ဝါယာရှောခ့်များ ဖြစ်ပွားကာ မီးလောင်မှုများ ဖြစ်ပေါ်စေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...