နမ့်ဆန်မြို့နယ် TNLA အခြေစိုက်တပ်ရှိရာ စစ်ကောင်စီလေကြောင်း တိုက်ခိုက် လူနေအိမ်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အခြေစိုက်တပ် ရှိရာကို စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။

စစ်ကောင်စီ မှလေကြောင်းလိုင်းနဲ့ တိုက်ခိုက်

ယမန်နေ့ (ဒီဇင်ဘာလ ၇ ) ရက် မွန်းလွဲပိုင်း ၂ နာရီ မြေပြင်တိုက်ပွဲအပြီး ည ၇ နာရီကျော်မှ စတင်ကာ နမ့်ဆန်မြို့ရှိ TNLA တပ်ကို စစ်ကောင်စီ တပ်ဖွဲ့မှ ဂျက်လေယာဥ် ၆ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အပြင် မြေပြင် စစ်အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့ကြောင်း သတင်း သိရသည်။

ထို့အပြင် ယနေ့ (ဒီဇင်ဘာလ ၈ ) ရက် နံနက် ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် ဂျက်လေယာဥ် ၂ စီးဖြင့် ထပ်မံလာ ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ ညက တိုက်ပွဲမှာ စစ်ကောင်စီက လေယာဥ် ၆ စီးနဲ့ လာပြီး ဗုံးကြဲတယ်၊ မြေပြင်တိုက်ပွဲလည်း ဖြစ်တယ်၊ ဒီနေ့မနက်လည်း လေယာဥ် ၂ စီးက လာပတ်ပြီး ဗုံး ၅ လုံးထပ်ကြဲသွားတယ်၊ မြေပြင် ထိတွေ့ တိုက်ပွဲကလည်း ပြင်းထန်နေတုန်းပဲ” ဟု နမ့်ဆန်မြို့နေ အသက် ၃၀ နီးပါး အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် မွန်းလွဲပိုင်း ၂ နာရီတွင် တစ်ကြိမ် ၊ ည ၇ နာရီမှ ၁၀ နာရီအထိတွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ ဂျက်လေယာဥ်ဖြင့် လေကြောင်းလိုင်းနှင့် တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့ရှိ ဟူးမန်းရွာ ၊ ရူဘောင်ရွာ နှင့် ကုန်းသာရွာအနီး လက်နက်ကြီး ဗုံးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက် ပျက်စီးမှုများလည်း ရှိနေကြောင်း သတင်းသိရသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ။ အသံမျိုးစုံကို ထွက်နေတယ်။ တချို့ရွာခံတွေက နမ္မတူဘက် ထွက်ပြေးသွား ကြတယ်၊ လားရှိုးကို ပြေးတဲ့ သူလည်း ရှိတယ်၊ လူဦးရေတော့ မသိရသေးဘူး၊ လက်နက်ကြီးကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုလည်း ရှိတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု နမ့်ဆန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင်လည်း နမ္မတူမြို့နယ် နှင့် သီပေါဘက်မှ စစ်ကောင်စီ စစ်ကူအင်အားများထပ်မံ ရောက်ရှိလာပြီး နမ့်ဆန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးဖြင့် စစ်ကူပစ်ပေးနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုလည်း ထွက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...