Wednesday, January 28, 2026

နမ့်ဆန်တိုက်ပွဲမှ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှာ စစ်ကောင်စီသည် ဂျက်လေယာဥ်မှ ပစ်လိုက် သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းသိရသည်။

စစ်ရှောင်များ

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အခြေချ တပ်စခန်းရှိရာ နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီ တပ်ဖွဲ့က ဂျက်လေယာဥ် ၅ စီးဖြင့် တိုက်ခိုက်ခဲ့ရာ ကုန်းသာကျေးရွာမှ နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ရကြောင်း သတင်းသိရသည်။

“မြေပြင်မှာလည်း နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် ပစ်နေကြတယ်၊ စကစရဲ့ လေယာဥ်လည်း လာပြီးတော့ ဗုံးကြဲတာ၊ ရွာထဲကိုရော အနီးပတ်ဝန်းကျင်ကိုရော လက်နက်ကြီး ကျတယ်၊ အိမ်နှစ်လုံးလည်း မီးလောင်သွားတယ်၊ ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ပြောတယ်၊ အခြေအနေတော့ မသိရသေးဘူး” ဟု နမ့်ဆန်မြို့နယ် မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ကုန်းသာရွာ၊ မန်လုံရွာ နှင့် ဟူးမန်းရွာတို့မှ ဒေသခံများသည် နမ္မတူမြို့ သော်လည်းကောင်း၊ လားရှိုးသို့သော်လည်းကောင်း တချို့လည်း နမ့်ဆန်မြို့ပေါ်ရှိ အမျိုးများထံသို့ စစ်ရှောင်ထွက်ပြေး ရကြောင်း သတင်းသိရသည်။

မြေပြင်တိုက်ပွဲတွင် TNLA တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ တပ်ဖွဲ့တို့သည် TNLA တပ်ဖွဲ့၏ ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ခံရနေသည့်အတွက် လက်နက်ကြီး နှင့် လေယာဥ်စစ်ကူ အင်အားဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“TNLA က နယ်မြေကျွမ်းတော့ သူတို့ (စကစ) လူက စစ်မြေပြင်မှာ ပိတ်မိနေတယ်၊ဒါကြောင့် သူတို့ လေယာဥ်နဲ့ လာတိုက်ကူတာ၊ နမ့်ဆန်မြို့က စစ်ကောင်စီ စခန်းကလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်၊ ပြည်သူ တွေလည်း တိုက်ပွဲကြား ပိတ်မိနေတာရှိတယ်” ဟု နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသားက ဆက်ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှ ၁၀ နာရီခွဲသည်အထိ နမ့်ဆန်အခြေစိုက် စစ်တပ်မှ လက်နက်ကြီး ဖြင့် အဆက်မပြတ် ပစ်နေကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုလည်း ထွက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...