နမ့်ဆန်တိုက်ပွဲမှ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှာ စစ်ကောင်စီသည် ဂျက်လေယာဥ်မှ ပစ်လိုက် သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သတင်းသိရသည်။

စစ်ရှောင်များ

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ အခြေချ တပ်စခန်းရှိရာ နမ့်ဆန်မြို့နယ်ကို စစ်ကောင်စီ တပ်ဖွဲ့က ဂျက်လေယာဥ် ၅ စီးဖြင့် တိုက်ခိုက်ခဲ့ရာ ကုန်းသာကျေးရွာမှ နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ရကြောင်း သတင်းသိရသည်။

“မြေပြင်မှာလည်း နှစ်ဖက်တပ်ဖွဲ့က အပြန်အလှန် ပစ်နေကြတယ်၊ စကစရဲ့ လေယာဥ်လည်း လာပြီးတော့ ဗုံးကြဲတာ၊ ရွာထဲကိုရော အနီးပတ်ဝန်းကျင်ကိုရော လက်နက်ကြီး ကျတယ်၊ အိမ်နှစ်လုံးလည်း မီးလောင်သွားတယ်၊ ရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ပြောတယ်၊ အခြေအနေတော့ မသိရသေးဘူး” ဟု နမ့်ဆန်မြို့နယ် မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ကုန်းသာရွာ၊ မန်လုံရွာ နှင့် ဟူးမန်းရွာတို့မှ ဒေသခံများသည် နမ္မတူမြို့ သော်လည်းကောင်း၊ လားရှိုးသို့သော်လည်းကောင်း တချို့လည်း နမ့်ဆန်မြို့ပေါ်ရှိ အမျိုးများထံသို့ စစ်ရှောင်ထွက်ပြေး ရကြောင်း သတင်းသိရသည်။

မြေပြင်တိုက်ပွဲတွင် TNLA တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ တပ်ဖွဲ့တို့သည် TNLA တပ်ဖွဲ့၏ ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ခံရနေသည့်အတွက် လက်နက်ကြီး နှင့် လေယာဥ်စစ်ကူ အင်အားဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

“TNLA က နယ်မြေကျွမ်းတော့ သူတို့ (စကစ) လူက စစ်မြေပြင်မှာ ပိတ်မိနေတယ်၊ဒါကြောင့် သူတို့ လေယာဥ်နဲ့ လာတိုက်ကူတာ၊ နမ့်ဆန်မြို့က စစ်ကောင်စီ စခန်းကလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်၊ ပြည်သူ တွေလည်း တိုက်ပွဲကြား ပိတ်မိနေတာရှိတယ်” ဟု နမ့်ဆန်မြို့နယ် ဒေသခံအမျိုးသားက ဆက်ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှ ၁၀ နာရီခွဲသည်အထိ နမ့်ဆန်အခြေစိုက် စစ်တပ်မှ လက်နက်ကြီး ဖြင့် အဆက်မပြတ် ပစ်နေကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

စစ်ကောင်စီ တပ်ဖွဲ့သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေး ယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိတ်စိတ် ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုလည်း ထွက်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...