နမ့်ဆန်မြို့ စစ်ရှောင် တချို့ နေရပ်ပြန်၊ နှစ်ဖက် တပ်ဖွဲ့ စစ်ရေး အင်အားဖြည့်တင်းနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ပေါ် နှင့် ဇယန်းကြီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်များ အချို့သည် နေရပ် ပြန်နေကြသော်လည်း နှစ်ဖက် တပ်ဖွဲ့ မှ စစ်အင်အား ဖြည့်တင်းနေကြကြောင်း သတင်းသိရသည်။

နေရပ်ပြန်သွားသည့် စစ်ရှောင်တချို့

ယနေ့ (ဒီဇင်ဘာလ ၁၆) ရက်တွင် နမ့်ဆန်မြို့ပေါ်သို့ ရောက်ရှိလာသော စစ်ရှောင်အချို့သည် စိုးရိမ်စိတ်များဖြင့် ပြန်သွားကြပြီး လက်ရှိတွင် ပြန်သွားသည့် စစ်ရှောင်ဦးရေကို စိစစ်နေဆဲဖြစ်ကြောင်း စစ်ရှောင်များကို ကူညီပေး နေသူထံမှ သိရသည်။

“အိမ်တွေ မွှေနှောက်ဖျက်ဆီးခံရမှာကို စိုးရိမ်တာ နဲ့ စစ်ရှောင်စခန်းမှာက နေရာကျဥ်းကြပ်လို့ပါ၊ အဲ့ဒါကြောင့် အခုတော့ တချို့က ပြန်သွားပြီ” ဟု နမ့်ဆန်မြို့ စစ်ရှောင်ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များက ပိန်းလုံရွာ၊ မန်လုံးရွာ နှင့် တာလတ်ရွာတို့မှ ဖြစ်ကြပြီး လူဦးရေ စာရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က စစ်အင်အား ထပ်မံ ဖြည့်တင်းနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် နှစ်စီးဖြင့် နမ့်ဆန်မြို့ အနီးတစ်ဝိုက်ကို လည့်ပတ်နေကြောင်းလည်း သိရသည်။

“တကယ်တော့ စစ်ရေးက မငြိမ်သေးဘူး၊ စစ်ကောင်စီဘက်က လေယာဥ် ၂ စီးနဲ့ နေ့တိုင်း ခနခန လာပတ်နေတယ်၊ ပြီးတော့ TNLA ဘက်လည်း တပ်ရင်း ၃ ခု အင်အားဖြည့်နေတုန်းလို့ သိရတယ်၊ ပြီးတော့ စကစ က မိုးမိတ်ဘက် ကနေရော၊ မန်စံ (မိန်းမု) ဘက်ကရော နမ့်ဆန်ဘက်ကို စစ်အင်အား အများအပြားဖြည့်နေတယ်” ဟု နမ့်ဆန်မြို့ မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှု ရှိနေသည့်အပြင် စစ်ရှောင်ပြည်သူများ နေရပ်ပြန်သွားကြသည့် ကျေးရွာများမှလည်း လက်နက် အကြွင်းအကျန်များ ရှိနေနိုင်သေးသဖြင့် စိုးရိမ်မှု ရှိနေကြောင်းလည်း စစ်ရှောင်ကူညီနေသူက ဆက်ပြောသည်။

“လက်နက်ကြီး အကြွင်းအကျန်တွေ မပေါက်ကွဲသေးတဲ့ ဗုံးတွေ မိုင်းတွေ ရှိနေသေးတယ်၊ ဒါကြောင့် ပြန်သွားတဲ့ စစ်ရှောင်တွေ အတွက်က တော်တော်ကို စိုးရိမ်စရာကောင်းတယ်၊ ပြီးတော့ နောက်တစ်ဖန် တိုက်ပွဲပြင်းထန်လာ မှာကိုလည်း ကြောက်တယ်” ဟု စစ်ရှောင် ကူညီပေးနေသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ် နှင့် TNLA တပ်ဖွဲ့တို့ အကြား ပြင်းထန်ခဲ့သည့် တိုက်ပွဲကြောင့် ကုန်းသာကျေးရွာက နေအိမ် ၄၄ အိမ်က လက်နက်ကြီး လက်နက်ငယ် ထိမှန် ပျက်စီးပြီး စစ်ရှောင် ထွက်ပြေးရသည့် ကျေးရွာမှ အိမ်များသည် စစ်ကောင်စီ တပ်သားတို့၏ ဖောက်ထွင်း မွေနှောက်ခြင်းကို ခံရကြောင်းလည်း သိရသည်။

နမ့်ဆန်မြို့နယ်မှ အာဏာသိမ်း စစ်တပ် နှင့် TNLA တပ်တို့၏ တိုက်ပွဲအတွင်း ဟူးမန်းကျေးရွာသား ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...