ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် လက်ဖက်အထွက်နှုန်းကျဆင်း၊ တောင်သူများ အရှုံးပေါ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် ခြံတွင်းရှိ လက်ဖက် အထွက်နှုန်းကျဆင်းလာနေပြီး လက်ဖက်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ဆန်မြို့နယ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသီးများ ကျဆင်းစဥ်

ပြီးခဲ့သည့် မတ်လမှစ၍ လာမည့်မေလပိုင်းအထိ နမ့်ဆန်မြို့နယ်တွင်းရှိ လက်ဖက်စိုက် တောင်သူများသည် ပထမအကြိမ် ဖူးပွင့်သည့် ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေသည့် ကာလဖြစ်သည်။

ထို့သို့ ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေစဉ်ကာလအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးသီးကျခြင်းကြောင့် လက်ဖက် ၃ ဧက ခန့်ရှိ လက်ဖက်ရွက်များ ပျက်ဆီးရှုံးဆုံးသွားခဲ့ကြောင်း လက်ဖက်စိုက်တောင်သူ ဦးမောင်ခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ဖက် အထွက်နှုန်းက လောလောဆယ် မကောင်းဘူးဗျ။ တစ်ရက်ခူး တစ်ရက်နားတယ်။ မိုးသီးလည်း ဖျက်တယ်။ ကျနော်ခြံတစ်ခြမ်းလုံး ၃ ဧက လောက်ရှိတဲ့ လက်ဖက်ရွက်တွေ အကုန်ကြွေကျသွားတာ။ အခုလည်း လက်ဖက်က သိပ်မထွက်တော့ ကုန်ဈေးနှုန်းကလည်း တက်သေးတယ်“ ဟု ဦးမောင်ခင်က ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသီးများ ကျဆင်းစဥ်

ယခင်က လက်ဖက်အစို ၁ ပိဿလျှင် (၁,၅၀၀) ကျပ်အထိသာ ဈေးနှုန်းရှိသော်လည်း ယခုနှစ်အတွင်းမှာ လက်ဖက်အစို ၁ ပိဿလျှင် (၂,၂၀၀) မှ (၂,၅၀၀) ကျပ်အထိ ဈေးအတော်အသင့်ရှိနေသလို လက်ဖက်ခြောက် ၁ ပိဿမှာလည်း (၈,၀၀၀) မှ (၁၀,၀၀၀) ကျပ်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

အဆိုပါ လက်ဖက်များ ယခုနှစ်အတွင်းမှာ ဈေးနှုန်းအတော်အသင့်ရှိနေသော်လည်း ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်နေသည့်အတွက် လက်ဖက်စိုက်တောင်သူများအနေဖြင့် အခက်ခဲများစွာရှိနေသေးကြောင်း လက်ဖက်စိုက် တောင်သူ ဦးမောင်မောင်ဦးက ပြောသည်။

“ ခုက လက်ဖက်တောင်သူတွေ အမျိုးမျိုးဒုက္ခရောက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က လက်ဖက်အစိုကို ၁ ပိဿ ရောင်းရင် အနည်းဆုံး ၁ သိန်းခွဲရတယ်။ အဲ့ဒီ ၁ သိန်းကို ဆန်ဝယ်စားရင် ၅ အိတ်ရတယ်။ အခုဈေးနဲ့ တကယ်လို့ လက်ဖက်ဈေးမတက်ရင် ဆန် ၃ အိတ်တောင်မရဘူး။ တောင်သူလယ်သမားတွေက အခက်တွေ့နေတာ။ တခြား ကုန်ဈေးနှုန်း အားလူး၊ ကြက်သွန်၊ ဆီ၊ ဆန်၊ ဆားတွေကလည်း အကုန်ဈေးနှုန်းတက်ပြီး လက်ဖက်ဈေးနှုန်း မတက်ရင် လက်ဖက်တောင်သူတွေအတွက် အရမ်းခက်ခဲတယ် “ ဟု ဦးမောင်မောင်ဦးက ပြောသည်။

ထို့အပြင် ဒေသအတွင်း လက်ဖက်ဈေးကောင်းရရှိဖို့အတွက် ယခုနှစ် ရွှေဖီလက်ဖက်ရာသီတွင် လက်ဖက်ရွက်ကြမ်းနှင့် ကျီးပေါင်းရွက်ကို အရောင်းအဝယ်မလုပ်ဖို့ရန် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ပိတ်ပင်ထားကြောင်းလည်း သိရသည်။

ပုံ- RFA (TNLA မှ လက်ဖက်များကို ဖျက်ဆီးစဥ်)

“ အရင်က ကြိုတင်ထုတ်မရတော့ လူတွေက ခုတ်ထားတဲ့ လက်ဖက်ရွက်ကို ရိုက်ပြီးမှ ရောင်းလာတာ တော့ရှိပါတယ်။ ၁ ပိဿကို ကျပ် (၈၀၀) နဲ့ (၉၀၀) ကြားရောင်းကြပါတယ်။ တချို့တော့ မရောင်းလိုက်ရ သေးဘူး။ အခု TNLA က အဲ့ဒါကို ကွာလတီ (အရည်အသွေး) မမှီဘူး၊ လက်ဖက်ကို ဖျက်ဆီးတယ်ဆိုပြီး ဘယ်သူ့မှ ရောင်းခွင့်မရတော့ဘူး။ ခူးပြီးသား သူတွေလည်း ပစ်ထားရတယ် “ ဟု ဦးမောင်မောင်ဦးက ထပ်လောင်း ပြောသည်။

ယင်းကဲ့သို့ လက်ဖက်ရွက်ကြမ်းနှင့် ကျီးပေါင်းရွက်ကို ဒေသအတွင်း အရောင်းအဝယ်မလုပ်ဖို့ TNLA ပိတ်ပင် လိုက်သည့်အပေါ် လက်ဖက်ရိုက်သူများက လုပ်အားခ နစ်နာမှုရှိနေသလို လက်ဖက်ရွက်ကြမ်းကို ဝယ်ယူစုဆောင်း ထားသည့် လက်ဖက်လုပ်ငန်းရှင်များအနေဖြင့်လည်း ရှုံးဆုံးမှုများ ရှိနေကြောင်းလည်း သိရသည်။

ပုံ- RFA (TNLA မှ လက်ဖက်များကို ဖျက်ဆီးစဥ်)

ဒေသအတွင်း လက်ဖက်ရွက်ကြမ်း နှင့် ကျီးပေါင်းရွက် မရောင်းဖို့ TNLA တပ်ဖွဲ့မှ ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ လက်ဖက်စိုက်တောင်သူ အများစုဟာ ကုန်ကျစရိတ်၊ လုပ်အားခ အပါအဝင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် လက်ဖက်ကို ဆက်လက်၍ မလုပ်ကိုင်ကြရာ နယ်စပ်ဒေသ မိုင်းလားမြို့သို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြကြောင်း တောင်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...