“စစ်ကောင်စီ အထိနာလို့ လေကြောင်းနဲ့တိုက်ခိုက်လာခြင်းဖြစ် “ဟု TNLA ပြော

သျှမ်းပြည် မူဆယ်ခရိုင်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

.

မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအနီးမှာ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေတဲ့ အချိန် စစ်ကောင်စီဘက်က လက်နက်ကြီး/ လက်နက်ငယ် အသုံးပြု တိုက်ခိုက်မှု အပြင် စစ်ရဟတ်ယာဥ်နဲ့လည်း လေကြောင်းလိုင်း တိုက်ခိုက်မှုပါ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတာ၊ သေဆုံးရတာနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးရတာလည်း ရှိနေပါတယ်။

Photo – PSLF/TNLA ( TNLA ပြောရေးဆိုခွင့် ဒု- ဗိုလ်မှူးကြီး တားအိုက်ကျော်)

ထိတွေ့တိုက်ပွဲ ဖြစ်ပွားတဲ့ အချိန်တိုင်းမှာ စစ်ကောင်စီဘက်ကနေ ဘာကြောင့် စစ်ရဟတ်ယာဥ် နဲ့ လေကြောင်း စစ်ကူ အသုံးပြုရတာလဲ။ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် နဲ့ TNLA တပ်တို့ အကြား ထိတွေ့ပစ်ခတ်မှုတွေက ဘာကြောင့် ဖြစ်ရလဲ၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်မလား ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။      ။ အခုတလော သျှမ်းမြောက်မှာ အာဏာသိမ်း စစ်ကောင်စီတပ် နဲ့ TNLA တပ်တို့ရဲ့ ထိတွေ့တိုက်ပွဲ အခြေအနေကို ပြောပြပေးပါအုံး။

ဖြေ။      ။ ဟုတ်ကဲ့။ အဓိက ဖြစ်တဲ့ နေရာကတော့ မူဆယ်မြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း မှာ အဖြစ်များတယ်။  ဒီ သြဂုတ်လ အတွင်းမှာ တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ပွားခဲ့တယ်။ မနေ့ကလည်း နမ့်ဖတ်ကာ ဘက်မှာထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်။ မူဆယ်ဘက်မှာလည်း စစ်ရေး တင်းမာခဲ့တယ်။

မေး။      ။ အခုလိုမျိုး ထိတွေ့တိုက်ပွဲတွေ များလာတဲ့အကြောင်းရင်းကရော  ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လိုပြောဆိုချင်လဲရှင့်။

ဖြေ။      ။ အဓိက ကတော့ စကစဘက် ထိုးစစ်ဆင် တိုက်ခိုက်မှု ပိုမိုလုပ်လာတော့ တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာတာပေ့ါ။ ပြီးခဲ့တဲ့ ၂၈ /၂၉ ရက်နေ့တုန်းက စကစ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ နမ့်ဖတ်ကာဖက် ၊ ကွတ်ခိုင်ဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်လိုက်လို့ လူနေအိမ် အရပ်သား ထိခိုက်မှုတွေ ရှိနေတယ်။ စယ်လန့် ဘက်မှာလည်း အရပ်သားတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းသိရတယ်။ အဓိက ကတော့ လက်နက်ကြီး ရန်ကြောက်လို့ပေါ့နော်။ တကယ့် တကယ် တော့ တိုက်ပွဲက ရွာထဲမှာ မဖြစ်ဘူး။ ဒါပေမဲ့လည်း ရွာထဲကို လက်နက်ကြီးတွေက ရွာထဲ က ကျတော့ စစ်ရှောင်ထွက်ပြေးရတာပေါ့။

မေး။      ။ စယ်လန့်ဘက်က တိုက်ပွဲမှာ  စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံးကြဲတိုက်မှုလည်း ရှိနေတော့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ထိခိုက်ကျဆုံးမှုကိုရော ပြောပြပေးလို့ ရနိုင်မလား။

ဖြေ။      ။  ထိခိုက်မှု အတိအကျတော့ ကျနော်တို့ မသိရသေးဘူး။ စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုတွေ ရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။

မေး။      ။  တအာင်းတပ်ဖွဲ့ TNLA အနေနဲ့ စယ်လန့်ကျေးရွာဘက်ကို ဘယ်လို လှုပ်ရှားဖြစ်ခဲ့လဲ ဆိုတာလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။      ။   ဒါကို ပြောရမယ်ဆိုရင် တိုက်ပွဲ အဓိက စဖြစ်တုန်းက ကွတ်ခိုင် နဲ့ မူဆယ်ကြားက ကွတ်ခိုင် အထက်နား ခိုမုန်းကျေးရွာနားမှာ တိုက်ပွဲတွေ စတင်ပြီး ပြင်းထန်ခဲ့တာပေါ့နော်။ ဒီ စယ်လန့်ဘက်မှာကိုတော့ အဲ့ဒီ ဘုရားတောင်ပေါ်ကနေ ကျနော်တို့ရှိနေတယ် ဆိုပြီးတော့မှ စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ ပစ်တယ်။ လေယာဥ်နဲ့လည်း ဗုံးကြဲ တိုက်ခိုက်တယ်။ အဲ့ဒီနေရာမှာ ကျနော်တို့ဘက်က ပြန်လှည့်ပစ်ခတ်ခဲ့တာလည်း မရှိခဲ့ဘူး။ စကစ က တစ်ဖက်သတ် ပစ်ခတ်ခဲ့တာပေါ့။ ၁၀၅ မိုင်ကနေရော ၊ လွယ်သလောက် တောင်က သူတို့ စခန်းကနေ လက်ကြီးနဲ့ အဆက်မပြတ်ပစ်ခဲ့တာ။ အဲ့ဘက်မှာက တိုက်ပွဲမဟုတ်ဘူး။

မေး။      ။  ဗိုလ်မှူးကြီးတို့ရဲ့ TNLA စစ်ကြောင်းက စယ်လန့်ကျေးရွာအုပ်စုထဲမှာ မရှိခဲ့ဘူးလို့ ဆိုလိုချင်တာလားရှင့်။

ဖြေ။      ။  ဟုတ်တယ်။ စယ်လန့်ကျေးရွာဘက်မှာ ကျနော်တို့ဘက်က ထိုးစစ်ဆင်တက်တာ လည်း မသိဘူး။ ကျနော်တို့အဖွဲ့လည်း မရှိဘူး။ ကျနော်တို့ အဖွဲ့က ပြန်လည် ပစ်ခတ်ခဲ့တာလည်း မရှိတော့ တိုက်ပွဲမဟုတ်ဘူး။ တစ်ဖက်သတ်ပဲ တိုက်ပွဲပဲ ဖြစ်ခဲ့တာ။ အဲ့ဘက်က ကျနော်တို့ သွားလာလှုပ်ရှားတဲ့ နယ်မြေ ဖြစ်တော့ သွားလာလှုပ်ရှားမှုတော့ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပြန်လည်ပစ်ခတ်ခဲ့တာ မရှိဘူး။

မေး ။     ။ သြဂုတ် ၂၉ ရက်က စယ်လန့်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်လို့ လက်နက်ကြီး ကျတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောဆိုချင်လဲရှင့်။

ဖြေ။      ။  အဲ့ဒီနေ့မှာက အဓိကက တိုက်ပွဲဖြစ်တာက ကွတ်ခိုင်မြို့နယ် အနီးက ခိုမုန်းကျေးရွာ အနီးမှာ ဖြစ်တာပါ။ အဲ့ဒီတိုက်ပွဲမှာ သူတို့က ထိုးစစ်ဆင်ပြီး ကျနော်တို့က ပြန်လည် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ စယ်လန့်ဘက် လွိုင်တေးမိန်းဘက် ဆိုတာ ကတော့ ကျနော်တို့ တပ်ဖွဲ့ ရှိတော့ရှိတယ်။ ဒီ ၃ – ၄ ရက်အတွင်းမှာ စကစ က လေကြောင်း နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ကြတာပေါ့။ ကျနော်တို့က ပြန်လည်ပစ်ခတ် တိုက်ခိုက်တာတော့ မရှိဘူး။ ၂၉ ရက်နေ့ ညပိုင်းမှာတော့ စယ်လန့်နားက စခန်းမှာတော့ ကျနော်တို့ကနေပြီးတော့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတော့ ရှိခဲ့တာပေါ့နော်။ အဲ့မှာတော့ သိပ်မကြာဘူး၊ ၁၀ မိနစ် – ၁၅ မိနစ် အဲ့လောက်ပဲ ရှိတာပေါ့။ သူတို့က ၂၈ ရက်နေ့ ကတည်းက စပစ်ခဲ့တာပေါ့။ ၂၈ – ၂၉ နှစ်ရက်လုံးမှာ လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်ခဲ့တာ။ အဲ့တာကျတော့ အပြန်အလှန်တိုက်ပွဲ မဟုတ်ဘူးပေါ့။

မေး ။     ။  ဒီပစ်ခတ် တိုက်ခိုက်မှုတွေမှာ အရပ်သားနေအိမ်တွေ လူတွေ ထိခိုက်တာမျိုးလည်း ရှိလာတော့ ဒီအပေါ်မှာရော ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လို ပြောဆိုချင်လဲရှင့်။

ဖြေ။.     ။  စယ်လန့်ဘက်မှာလည်း ထိခိုက်တယ်။ မူဆယ် – ကွတ်ခိုင်ကြားက နမ့်ဖတ်ကာဘက် မှာ လည်း ထိခိုက်မှုတွေ ရှိနေတယ်။ ဒီဟာကတော့ ပြောရမယ် ဆိုလို့ရှိရင် တိုက်ပွဲကြားမှာဖြစ်လို့ စကစ ဘက်ကနေ လေယာဥ်တွေနဲ့၊ လက်နက်ကြီးတွေနဲ့ အဓိက ကတော့ လူထုထိခိုက်မှုက စကစဘက်က လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ပြည်သူလူထု ထိခိုက်ရတာ ဖြစ်တယ်။ ပြောရမယ်ဆိုလို့ရှိရင် ဒါက စကစ အနေနဲ့ ရန်သူ ရှိရှိ/ မရှိရှိ ပြည်သူလူထုဘက်ကိုလည်း ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်။

မေး ။     ။  စစ်ကောင်စီဘက်က တိုက်ပွဲတိုင်းလိုလိုမှာ လေယာဥ် စစ်ကူ အသုံးပြုပြီး တိုက်ခိုက်တဲ့အပေါ်မှာရော ဘယ်လို ပြောဆို မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။     ။  သူတို့ ဘာကြောင့်  အကူ သုံးလဲတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ ဒီ စစ်အာဏာသိမ်း နောက်ပိုင်းမှာ ပိုပြီး များများသုံးလာတာ တွေ့ရတယ်။ သူတို့နဲ့ တိုက်ခိုက်မိတဲ့ကာလ တလျှောက် ကျနော်မှတ်မိသလောက်ပြောရမယ်ဆိုရင် ၂၀၁၇ ကနေ စပြီးတော့ သူတို့က တိုက်ပွဲနည်းနည်းပြင်းထန်ပြီး သူတို့ဘက်က အကျအဆုံးများ လာပြီ ဆိုရင် သူတို့ကနေပြီးတော့ လေကြောင်းသုံးပြီး တိုက်ခိုက်လာကြတာပေ့ါ။ ဒီလိုပါပဲ သူတို့ဘက်က အထိနာလာပြီဆိုရင် စစ်လေယာဥ်နဲ့ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာ အဲ့ကတည်း က ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။

မေး။      ။  လက်ရှိ အခြေအနေ TNLA နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်မလား ။

ဖြေ – ဒါကတော့ ခုနက ကျနော်ပြောခဲ့သလိုပဲ စကစ ကနေပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်လို့၊ စတင်ပစ်ခတ်လို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရတာပေါ့။ သူတို့က ထိုးစစ်ဆင်မှုများရင်လည်း တိုက်ပွဲက ပိုများမယ်။ အဓိကကတော့ သူတို့က ဆက်တိုက်နေဆဲဆိုရင် တိုက်ပွဲက ပိုပြင်းထန်နိုင်မယ်။ ထိုးစစ်ဆင်တာ မရှိဘူးဆိုရင်လည်း တိုက်ပွဲကတော့ နည်းနည်းငြိမ်သွားနိုင်တာပေါ့။

ကျေးဇူးတင်ပါတယ်ရှင့်။  

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...