Tuesday, January 27, 2026

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (KIO/KIA) ဌာနချုပ်လိုင်ဇာ ပြာကျသွားပြီဟု သတင်းအမှားဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ၏ဌာနာချုပ်ရှိရာ လိုင်ဇာမြို့သည် ပြာကျသွားပြီဟု ဖြန့်ချိနေလျက်ရှိသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် နေပြည်တော်အကောင့်မှ “ လိုင်ဇာပြာကျ ပြီပြောတယ်။ ဒီအချိန်ကတော့တစ်လမ်းဘဲရှိတော့တာ။ မပခနဲ့နယ်မြေအားလုံးသေဆုံး၊ ကျရှုံးတဲ့အထိ အဖြစ်ခံမလား၊ မြစ်ကြီးနား-ရွှေဘိုထိပြာကျခံမလား..”ဟု ရုပ်သံတစ်ခုဖြင့် ဖြန့်ချိထားသည်။

ထိုဝါဒဖြန့်ချိပိုစ့်ကို ကြည့်ရှူ့သူပေါင်း ၉ ထောင်ကျော်ရှိသည်။ အခြားလူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း ထိုဝါဒဖြန့်ကို ထပ်မံဖြန့်ချိထားသည်ကို တွေ့ရသည်။

မူရင်းလင်ခ့် – https://archive.ph/H9hwA

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းမှာ မှားယွင်းနေကြောင်း တွေ့ရသည်။

ကချင်ဒေသအတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ စစ်ကောင်စီအနေဖြင့် ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်က တပ်စခန်းများကို လက်လွှတ်ရပြီးသည့်နောက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ဌာနာချုပ် လိုင်ဇာအနီးတဝိုက်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု Myitkyina News Journal တွင် သတင်းတစ်ပုဒ်ဖော်ပြထားသည်။

ဒီလင့်ခ်မှာကြည့်ပါ – https://shorturl.at/6kohA

သို့သော် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများအပြင် တရုတ်နယ်စပ်အနီးရှိသော KIA ဌာနချုပ် လိုင်ဇာမြို့ကို လေတပ်ဖြင့် ဗုံးကြဲခဲ့သော်လည်း အထိအခိုက်မရှိခဲ့ကြောင်း Myanmar Now တွင် သတင်းတစ်ပုဒ်ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှု့ရန် လင့်ခ်ကိုနှိပ်ပါ – https://shorturl.at/2BdM3

ထို့အပြင် ဖော်ပြထားသည့် ရုပ်သံသည်လည်း စစ်ကောင်စီတပ်က မြစ်ကြီးနားမြောက်ပိုင်းတိုင်းမှ ဝိုင်းမော်ဘက်ကို လက်နက်ကြီးအပြင်းအထန် ပစ်ခတ်သည့်အပြင် ဒရုန်း၊ ဂျက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသခံများကိုကိုးကား၍ Kachin News Group သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မူရင်းလင့်ခ်ကိုကြည့်ရန် – https://shorturl.at/iZW8a

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လိုင်ဇာမြို့ပြာကျသွားပြီဆိုသည့်သတင်းနှင့် ပတ်သက်၍ လိုင်ဇာမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “မဟုတ်ပါဘူး။ လိုင်ဇာမြို့ပြာမကျပါဘူး။ အဲ့ဒါသတင်းမှားတွေပါ” ဟု သျှမ်းသံတော်ဆင့်ကို အတည်ပြုဖြေကြားထားသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် လိုင်ဇာပြာကျသွားပြီဟု ဖြန့်ချိမှုသည် မှားယွင်းနေသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...