MNDAA က ဒေသတွင်း ရာဇဝတ်မှု အမျိုးအစား (၈)မျိုးအတွက် ပြစ်မှု ပြစ်ဒဏ်ထုတ်ပြန်လာ

သျှမ်းပြည် အထူးဒေသ(၁) ကိုးကန့်ဒေသ တရားစီရင်ရေးတွင် ကျင့်သုံးသွားမည့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ရာဇဝတ်မှု အမျိုးအစား (၈)မျိုးအတွက် ကျင့်သုံးမည့် ပြစ်မှုပြစ်ဒဏ်များကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

၎င်းတို့အထဲတွင် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ခိုးဆိုးလုယက်မှုများ၊ လူကုန်ကူးမှုနှင့် အခြားသော မှုခင်းများကို ပြင်းထန်စွာ နှိမ်နင်းရန်အတွက် ပြစ်မှုအမျိုးအစားအလိုက် ငွေဒဏ်နှင့်အတူ ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်အထိလည်းကောင်း၊ တစ်သက်တစ်ကျွန်းထောင်ဒဏ် သို့မဟုတ် သေဒဏ်အထိလည်းကောင်း ပြစ်ဒဏ်ချမှတ်သွားမည်ဟု ရေးသားထားသည်။

အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ကိုင်သူများကိုလည်း ကျူးလွန်သည့် ငွေကြေးပမာဏအလိုက် ပြစ်ဒဏ်အမျိုးအစား ခွဲခြားထားပြီး တရုတ်ယွမ်ငွေ တစ်သောင်းမှ တစ်သိန်းကြား ကျူးလွန်သူကို ထောင်ဒဏ် (၃)နှစ်၊ ယွမ်ငွေ တစ်သိန်းနှင့် တစ်သန်းကြား ကျူးလွန်သူကို ငွေဒဏ်နှင့် (၁၀) နှစ်ထက် မပိုသော ထောင်ဒဏ်၊ ယွမ်ငွေ တစ်သန်းအထက် ကျူးလွန်သူကို (၁၀) နှစ်ထက် မနည်းသည့် ထောင်ဒဏ် (သို့မဟုတ်) တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် ပိုင်ဆိုင်မှုတို့ကိုလည်း သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA အနေဖြင့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် မြို့များကို လောက်ကိုင်ခရိုင်၊ ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်နှင့် သိန္နီခရိုင်ဟူ၍ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် စစ်ရေးအုပ်ချုပ်မှုကော်မတီဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် MNDAA အရာရှိ အပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၁၀) ဦးကို အများပြည်သူရှေ့မှောက် တရားစီရင်ပြီး ဥပဒေနှင့်အညီ သေဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ခဲ့သည်။

ထိုသေဒဏ်ပေးခံရသူ (၁၀) ယောက်သည် ပြည်သူအပေါ် ငွေကြေးအဓမ္မ တောင်းခံခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူသတ်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ယင်းကဲ့သို့ လောက်ကိုင်မြို့၌ ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို အများပြည်သူရှေ့မှောက် ကိုးကန့်တပ်ဖွဲ့ MNDAA က သေဒဏ်ချမှတ်ခဲ့ခြင်းကို ဥရောပသမဂ္ဂ က အပြင်းထန်ဆုံး ရှုတ်ချပြီး ဘယ်လိုအခြေအနေဖြစ်ဖြစ် သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (EU) က ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ပုံစာ – လောက်ကိုင်မြို့ ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို အများပြည်သူရှေ့မှောက် MNDAA သေဒဏ်ချမှတ်စဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...