လားရှိုးမြို့အနီး တိုက်ပွဲစဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်၍ မြို့ခံများ ထိတ်လန့်

သျှမ်းပြည် မြောက်ပိုင်း၏ မြို့တော် လားရှိုးမြို့နယ်တွင် ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၁၁ နာရီ ဝန်းကျင်က စပြီး တိုက်ပွဲ စတင်ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြု ပြောသည်။

လားရှိုးမြို့နယ်၊ နမ့်ဟူးကျေးရွာအနီး ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားနေပြီး လားရှိမြို့ရှိ စစ်ကောင်စီ တပ်များက လက်နက်ကြီးပစ်ကူ ပေးနေသဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း မြို့ခံများက ဆိုသည်။

“လားရှိုးနဲ့ ၁၃ မိုင်လောက်တော့ ဝေးအုံးမယ်။ နမ့်ဟူးကျေးရွာနားလို့ ကြားတယ် တိုက်ပွဲဖြစ်တာ။ အခု မြို့ပေါ် တပ်တွေက လက်နက်ကြီး တောက်လျှောက် ပစ်နေတော့ မြို့ခံတွေ ကြောက်တာပေါ့” ဟု လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

လားရှိုးမြို့

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နမ့်ဟူယားကျေးရွာသည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးနှင့် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် သိန္နီမြို့ကြားတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသည့် ဒေသဖြစ်သည်။

“ဗုံးသံတွေ အရမ်းနီးလာတယ်” ဟု ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲသည် MNDAA တပ်နှင့် ဖြစ်ပွားနေဖြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို ထပ်မံ မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။

လားရှိုးမြို့တွင် စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ပြီး လားရှိုးမြို့ အဝင်လမ်းများစွာကို စစ်ကောင်စီတပ်က ဖျက်ဆီး ဖြတ်တောက်ထားသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ကလည်း မန်ပွဲ- လားရှိုး လမ်းပေါ်ရှိ မန်စံရေကျ ကြိုးတံတားနှင့် ခိုလိတ်ရထားလမ်း တံတားတို့ကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သေးသည်။

“၁၀၂၇” စစ်ဆင်ရေး ဒုတိယအပိုင်း အဖြစ် ဇွန်လ ၂၅ရက် မှစ၍ TNLA က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေရာ ၄ ရက်အတွင်း တပ်စခန်းနှင့် ရဲစခန်း စုစုပေါင်း ၃၀ ခန့် သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...