Wednesday, January 28, 2026

COVID-19

စစ်ကောင်စီက ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပရဟိတ တစ်ချို့ မယုံကြည်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ပရဟိတ အဖွဲ့ တစ်ချို့ စစ်ကောင်စီမှ ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အယုံအကြည်မရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်အတွင်းရှိ မြို့နယ်တစ်ချို့မှာ ဇူလိုင် (၃၀) ရက်မှ စတင်ပြီး တရုတ်နိုင်ငံထုတ် (Sinopharm) ကာကွယ်ဆေးများကို (၆၅) နှစ်အထက် အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊...

သီပေါမြို့နယ် ဒေသခံတချို့ ကိုဗစ် နှင့်စစ်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ် ဆန်ပြုတ်သောက်နေရ

သျှမ်းမြောက် သီပေါမြို့နယ်တွင် စဉ့်အင်ဘူတာ အနီးတွင်နေထိုင်သည့် ပြည်သူမျာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့် စစ်ကောင်စီအာဏာသိမ်းသည့်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ဆန်ပြုပ်သောက်နေရသူများပင် ရှိနေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ အာဏာသိမ်းသည့်နောက်ပိုင်း ရထားပြေးဆွဲမှုများ ရပ်နားခဲ့ရသည်မှာ (၇)လ ဝန်းကျင် ရှိနေပြီး ခြံထွက်သီးနှံများလည်း မရောင်းရသည့်အတွက် ပိုမိုခက်ခဲသွားတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သီပေါမြို့နယ် စဉ့်အင်ဘူတာဒေသခံများသည် သီပေါ...

ပင်လုံမြို့ Mask (နှာခေါင်းစည်း) မတပ်ဘဲသွားလာသူများ ကျပ်ငွေ ၅၀၀ ဒဏ်ရိုက်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဈေးသွားဈေးလာသူများ mask (နှာခေါင်းစည်း) မတပ်ဘဲ သွားလာသူများကို ကျပ်ငွေ (၅၀၀) ဒဏ်ရိုက် အရေးယူကြောင်းစုံစမ်းသိရှိရသည်။ ပင်လုံမြို့တွင် ကိုဗစ် ၁၉ တဖန်ပြန်တိုးလာသောကြောင့် ယမန့်နေ (စက်တင်ဘာ ၃ ရက်) မှစပြီး အပြင်သွားလာသူများ Mask မတပ်ပါက ငွေရိုက်ဒဏ်ယူခဲ့ကြောင်းသိရသည်။ “ ကျနော်တို့မကောက်ခင်က...

မိုင်းငေါ့ ကိုဗစ်ပိုးတွေ့သည့် စစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည် မီးဖွား

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းတွင် ယနေ့( စက်တင်ဘာလ ၃)ရက် မနက်ပိုင်းတွင် ကိုယ်ဝန်သည် တစ်ဦး မီးဖွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (၂)လဝန်းကျင်ကတည်းက မိုင်းငေါ့မြို့ တာလုံရပ်ကွက် တာလုံစစ်ရှောင်စခန်းတွင် ရောက်ရှိလာသည့် ကိုယ်ဝန်သည်ဖြစ်ပြီး ယနေ့ နံနက် (၆)နာရီတွင် အဆိုပါစစ်ရှောင်စခန်း၌ မီးဖွားခဲ့တာဖြစ်ကြောင်း သိရသည်။ “စစ်ရှောင်တွေနေတဲ့...

မိုင်းငေါ့ စစ်ရှောင် ကိုယ်ဝန်သည်အပါအဝင် (၁၂) ဦး ကိုဗစ်ထပ်မံကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ စစ်ရှောင်စခန်းမှ ကိုယ်ဝန်သည်(၂)ဦးအပါအဝင် စစ်ရှောင် (၁၂)ဦး ကိုဗစ်ပိုး ထပ်မံကူးစက်ခံခဲ့ရကြောင်း သိရသည်။ မိုင်းငေါ့မြို့ တာလုံရပ်ကွက် တာလုံဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းမှ ပြီးခဲ့သည့် ရက်ပိုင်းက ကိုဗစ်ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာ လ (၃)ရက် (ယနေ့)တွင် ကိုဗစ်ကူးစက်ခံရသူ (၁၂)ဦး...

နမ့်ခမ်းမြို့ ဈေးပြန်ဖွင့်သည့်အတွက် ကိုဗစ် မြင့်တက်လာမည်ကို စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့မဈေး ပြန်လည်ဖွင့်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုများပြားလာမည်ကို ဒေသခံများစိုးရိမ်ကြသည်။ နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ တတိယလိုင်းမှာ ကူးစက်မှုနှုန်း သေဆုံးနှုန်း မြင့်မားသောကြောင့် နမ့်ခမ်းမြို့မဈေးကို (၂) လ နီးပါး ပိတ်ထားပြီး စက်တင်ဘာ (၂) ရက်နေ့မှ ပြန်လည် ဖွင့်ခဲ့ပြီး လူစည်ကားနေသဖြင့်...

ဟိုပုံးကိုရင်လေးဘေး ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ပိုးတွေ့

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးကိုရင်လေး ဘေးတွင် အနီးကပ် ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။ ထို (၆) ဦးသည် ဟိုပုံးကိုရင်လေး၏ ဘေးအနီးကပ်တွင် စောင့်ရှောက် နေပြီး ယမန့်နေ့ စက်တင်ဘာ (၁) ရက်နေ့က ပိုးစစ်ဆေးကြည့်ရာတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်းသိရသည်။ “...

မိုင်းငေါ့ရောက် စစ်ရှောင် (၁)ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့စစ်ရှောင်စခန်းရှိ အမျိုးသမီး (၁)ဦး ကိုဗစ်ကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ တာလုံစစ်ရှောင်စခန်းရှိ အသက် (၈၅)နှစ်အရွယ် သက်ကြီး အမျိုးသမီး (၁)ဦးသည် ပြီးခဲ့သည့် သြဂုတ်လ (၂၉)ရက်က ကိုဗစ်ပိုးကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း သိရသည်။ “ကိုဗစ်လက္ခဏာဖြစ်နေတာ (၁)ပတ်လောက်ရှိပြီ၊ အဲ့ဒီနေ့မှာပဲ အရေးပေါ် စစ်ဆေးကြည့်လိုက်တော့...

နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအုပ်စုတချို့ ကိုဗစ် ကာကွယ်ဆေးကိုထိုးရန် စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရန်အတွက် စိတ်လုံခြုံမှုမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ထို ထိုးပေးမည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ဆီနိုဖန်း (Sinopharm) ဖြစ်သောကြောင့် ကျေးရွာတွင် နေထိုင်သည့် ပြည်သူများက ထိုးရန် ကြောက်ရွံ့ စိုးရိမ်နေကြောင်းသိရသည်။ “ ကျနော်တို့ ထိုးသင့်လားမထိုးသင့်ဘူးလား မသိဘူးဗျ။ ဒါမဲ့ကျနော်တို့...

အင်းလေးဒေသ လူစုလူဝေးဈေးရောင်းမှု ကိုဗစ်ပျံ့နှံ့မှာ စိုးရိမ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လူစုလူဝေးဖြင့် ဈေးရောင်းချမှုများ ရှိနေသည့်အတွက် ကိုဗစ်ရောဂါ ပိုမိုပျံ့နှံ့မှာကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ပိုးကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဈေးပိတ်ထားသော်လည်း လူစုလူဝေးဖြင့် ဈေးရောင်းချနေမှုပြုလုပ်လာကြတာဖြစ်ကြောင်း သိရသည်။ “စည်ပင် သတ်မှတ်ထားတဲ့ ဈေးက ပိတ်ထားတယ်၊ ဒါပေမယ့်...

Latest news