Thursday, April 18, 2024

နမ့်ခမ်းမြို့ ဈေးပြန်ဖွင့်သည့်အတွက် ကိုဗစ် မြင့်တက်လာမည်ကို စိုးရိမ်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့မဈေး ပြန်လည်ဖွင့်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုများပြားလာမည်ကို ဒေသခံများစိုးရိမ်ကြသည်။

နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ တတိယလိုင်းမှာ ကူးစက်မှုနှုန်း သေဆုံးနှုန်း မြင့်မားသောကြောင့် နမ့်ခမ်းမြို့မဈေးကို (၂) လ နီးပါး ပိတ်ထားပြီး စက်တင်ဘာ (၂) ရက်နေ့မှ ပြန်လည် ဖွင့်ခဲ့ပြီး လူစည်ကားနေသဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်လည် မြင့်မားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

“ဈေးပြန်ဖွင့်တော့ ဈေးထဲမှာ လူအရမ်းများနေတဲ့ပုံပဲ။ တိုက်တန်းတစ်လျောက် ကားရပ်ဖို့ နေရာ တောင်မရှိဘူး။ ဈေးထဲက ထွက်လာသူ တစ်ချို့တွေ နှာခေါင်းစည်း ကို မှေးမှာချိတ်ထားတာတွေ့ရတယ်။ ဒီအတိုင်းဆို နမ့်ခမ်းမှာ လူနာ ထပ်တိုးမယ့်ကိန်းပဲ”ဟု နမ့်ခမ်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ပတ်က နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကိုဗစ် အတည်ပြု လူနာ (၁၂၀) ကျော် ရှိပေမယ့် ရက်ပိုင်း အတွင်း (၂၀၀) ကျော် သွားပြီဖြစ်ကြောင်း နမ့်ခမ်းပရဟိတ အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“စားဝတ်နေရေးအတွက် အကုန်လုံးက ရုန်းကန်ကြတယ်။ လူတွေ ပြန်စည်ကားလာတယ်။ လွန်ခဲ့တဲ့ ၁ ပတ် ၁၀ ရက်တုန်းကဆိုရင် ဆေးရုံမှာ ကုသဆဲက ၁၂၀ လောက်ပဲကျန်တော့တယ်။ ခု ဒီတစ်ရက် နှစ်ရက်က (၂၀၀) ကျော်သွားပြီ” ဟု နမ့်ခမ်းပရဟိတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စက်တင်ဘာ (၂) ရက်နေ့ထိ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၂၀၀) ကျော်ရှိပြီး သေဆုံးသူ (၆၄) ဦး နှင့် လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူသူ (၂၀၀) ကျော် ရန်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ ဖြင့် အတည်ပြု လူနာ သေဆုံးမှု လျော့နည်းလာသည်။

Leave a Comments

- Advertisement -spot_img

Latest article