COVID-19
မိုင်းရယ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်း ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် မိုင်းရယ်မြို့တွင် ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ထိုးထားသည့် ကျန်းမာရေးဝန်ထမ်း(၁)ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၈)ရက်နေ့က မိုင်းရယ်မြို့ ကိုဗစ်ကူးစက်ခံရသူ (၃)ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်ထိုးထားသည့် ကျန်းမာရေးဝန်ထမ်း(၁)ဦး ပါဝင်နေတာဖြစ်ကြောင်း သိရသည်။ “ကျန်းမာရေးဝန်ထမ်းထဲမှာ မနေ့က တစ်ယောက် ထပ်ပြီးကူးစက်တယ်၊ အားလုံး (၃)ယောက်ရှိသွားပြီ၊ ပြီးခဲ့တဲ့...
ဆီဆိုင်မြို့နယ် ကိုဗစ်မြင့်တက် နေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းသဖြင့် ရောဂါကူးစက်သူ လျော့နည်းသွားမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ်က ပြည်သူများသည် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ပိုးတွေ့လူနာ နေ့တိုင်း တိုးလာခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်မှု အားနည်းသည့်အတွက် လူနာတိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “ပိုတိုးလာတယ်။ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ပိုးတွေ့တဲ့သူတွေ...
လဲချား စျေးအနီး လမ်းမပေါ် ယာယီစျေးသတ်မှတ်ရောင်းချ
SHAN -
သျှမ်းတောင် လွိုင်လင်ခရိုင် လဲချား မြို့မဈေးအနီး လမ်းမများပေါ်တွင် ယာယီဈေးသတ်မှတ်ပြီး ရောင်းချနေကြကြောင်း သတင်းရရှိသည်။ လဲချား မြို့မဈေး မြောက်ဘက်နှင့် အရှေ့ဘက်ရှိ လမ်းမပေါ်တွင် ယာယီဈေးသတ်မှတ်ထားတာဖြစ်ပြီး အသီးအရွက်သည်များအား ရောင်းချခွင့်ပြုနေကြောင်း သိရသည်။ “အရင်က မိုင်းရှူး၊ လားရှိုးကိုသွားတဲ့ လမ်းမကြီးပေါ်မှာ ရောင်းချခွင့်ပေးထားတာ၊ ဒါပေမယ့် လမ်းကကျဉ်းပြီး အခါကြီးရက်ကြီးဆို လမ်းပိတ်တာတွေဖြစ်တော့...
ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် မြင့်တက်
SHAN -
သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် ကိုဗစ် ကူးစက်မှု ပိုများလာကြောင်း သိရသည်။ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ (၈)ရက် ယနေ့ တွင် (၁၇၅)ဦး စစ်ဆေးရာ ကိုဗစ်ပိုးကူးစက်ခံရသူ (၄၄)ဦး တွေ့ရှိခဲ့ကြောင်း၊ မြို့ပေါ်ထက် ကျေးရွာများတွင် ကူးစက်မှု ပိုများနေကြောင်း သိရသည်။ “မြို့ပေါ်မှာ ကိုဗစ်ကူးစက်မှုက...
ကိုဗစ်-၁၉ မြင့်တက်နေသော်လည်း Mask( နှာခေါင်းစည်း) တပ်ဆင်ခြင်းမရှိ
SHAN -
သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် ၁၉ ကူးစက်ခံရမှု များပြားနေသော်လည်း ပြည်သူများတချို့ mask တပ်ဆင်ပြီး အပြင်သွားလာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ် ကူးစက်မှု မလျော့ကျသေးသည့်အတွက် mask ကို စနစ်တကျတပ်ဆင်ပေးပါရန်အတွက် သျှမ်းမြောက် မူဆယ်မြို့ ပရဟိတ အဖွဲ့က ပြောသည်။ “ ဒီမှာက mask မတပ်ဘဲ သွားလာနေတာက...
သီပေါ နမ့်လန်ဒေသ ကိုဗစ်မြင့်တက်သည့်အတွက် Lock down ပြုလုပ်မည်
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ယခု ရက်ပိုင်းအတွင်း Lock down သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ နမ့်လန်ဒေသတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းနေခြင်းကြောင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေတာဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလ (၉)ရက်နေ့မှစပြီး Lock down သတ်မှတ်ထားကြောင်း စုံစမ်းသိရသည်။ “ဒီလ (၉)ရက်နေ့ကစပြီး Lock...
ကျောက်မဲ မန်ခါစစ်ရှောင် (၁၁) ဦး ကိုဗစ် ပိုးတွေ့
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းစစ်ရှောင်စခန်းတွင် စက်တင်ဘာလ (၆)ရက် ယမန်နေ့က ကိုဗစ်ပိုး ကူးစက်ခံရသူ (၁၁)ဦး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင်များသည် မန်ခါစစ်ရှောင်စခန်းသို့ သြဂုတ်လကုန်ပိုင်းတွင် ရောက်ရှိလာသူများဖြစ်ပြီး၊ စစ်ရှောင် တွင် (၂၆၀)ကျော်ရှိပြီး ကျန်ရှိသည့် စစ်ဘေးရှောင်များအား ယနေ့တွင် ကိုဗစ်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။ “မနေ့က မန်ခါစစ်ရှောင်စခန်းကနေ (၁၁)ယောက်...
သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား
SHAN -
သျှမ်းပြည်တဝှမ်း ကိုဗစ် -၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက်ပိုများပြား လာကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။ “ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။...
မိုင်းေငါ့ မြို့မရိပ်သာကျောင်းတိုက်ဆရာတော် ကိုဗစ်ကြောင့် ပျံလွန်တော်မူ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ မြို့မရိပ်သာကျောင်းတိုက်ဆရာတော် ကိုဗစ်ပိုးကူးစက်မှုကြောင့် စက်တင်ဘာလ (၅)ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။ မိုင်းငေါ့မြို့ မြို့မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးဝိရိယသည် ပြီးခဲ့သည့် စက်တင်ဘာလ (၃)ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုကြောင့် မိုင်းငေါ့မှ ကျောက်မဲဆေးရုံသို့ သယ်လာစဥ် လမ်းတဝက်တွင် ပျံလွန်တော်မူသွားတာဖြစ်ကြောင်း...
တောင်လေးလုံးအကျဉ်းထောင်ရှိ နိုင်ငံရေး အကျည်းသားများ ကိုဗစ် – ၁၉ ကူးစက်ခံနေရ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်း သတင်းသိရသည်။ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခြင်းကို ခံရပြီး ညောင်ရွှေ အကျဉ်း ထောင် (တောင်လေးလုံး) အကျဉ်းထောင်တွင် အကျဉ်းချထားခြင်း ခံရသည့် နိုင်ငံရေး အကျဉ်းသားများ တချို့သည်...





