Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် ကိုဗစ်မြင့်တက် နေဆဲ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းသဖြင့် ရောဂါကူးစက်သူ လျော့နည်းသွားမှု မရှိကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့နယ်က ပြည်သူများသည် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ပိုးတွေ့လူနာ နေ့တိုင်း တိုးလာခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်မှု အားနည်းသည့်အတွက် လူနာတိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပိုတိုးလာတယ်။ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ပိုးတွေ့တဲ့သူတွေ နေ့တိုင်း တောက်လျောက် တွေ့နေတယ်” ဟု ဆီဆိုင်ဒေသခံ ပရဟိတ တစ်ဦး ကပြောသည်။
ဆီဆိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများထဲမှ ကျန်းမာရေး ကောင်းမွန်တဲ့သည့် လူနာများကို ဆီဆိုင် အထက ကျောင်းမှာ ကုသမှု ထားထားကြောင်း ဆီဆိုင်ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

“အထကမှာ ထားတဲ့သူတွေက ပိုးတွေ့ ကျန်းမာတဲ့သူတွေပဲ။ ကျန်းမာရေး ဆရာမ တစ်ယောက် ထားပေးထားပါတယ်။ အဲ့လူနာတွေထဲက ရောဂါအခြေနေဆိုးလာရင် ဥပမာ အောက်စီဂျင် လိုအပ်တဲ့သူတွေကို ဆေးရုံကို ရွေ့ပါတယ်” ဟု ဆီဆိုင် ပရဟိတ တစ်ဦး ကပြောသည်။

ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံသည် ကုတင် (၅၀) ခန့်သည့် ဆေးရုံသာဖြစ်သည့်အတွက် တခြားသော ရောဂါသည်များလည်း ရှိနေသည့်အတွက် အထက ကျောင်းမှာ ထားရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဆေးရုံက သေးသေးလေး ကုတင် (၅၀) ခန့်ပဲဖြစ်တယ်။ လူနာက (၃၀၀) နီးပါးရှိတယ်။ ဆေးရုံဘယ်ဆန့်ပါ့မလဲ။ ပြီးရင် အခြား ရောဂါသည်တွေလည်း ရှိသေးတယ်” ဟု ဆီဆိုင် ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

ယနေ့ စက်တင်ဘာ (၉) ရက်နေ့ထိ ဆီဆိုင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုသူ စုစုပေါင်း (၅၁၆) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၂၇) ဦး ၊ သေဆုံးသူ (၁၃) ဦး နှင့် လက်ရှိကုသမှု ခံယူသူ (၁၇၆) ဦးရှိကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...

PNO မှ အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသည့် ဆီဆိုင်မြို့နယ် ဒေသခံ (၆၀၀၀)ကျော် အခက်ကြုံနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) သည် ဒေသခံ (၆၀၀၀)ကျော်ကို အကြောင်းပြချက်မရှိဘဲ မောင်းထုတ်ခံရသဖြင့် နေရာထိုင်ခင်း ခက်ခဲမှုကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်မှစပြီး ဇွန်လ (၁၅)ရက်အတွင်း ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စု နှစ်စုမှ ဒေသခံ (၆၀၀၀)ကျော်ကို PNOမှ အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ခိုင်းခဲ့သည်။ သို့သော်...

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ‌တော်လှန်ရေးအင်အားစုတို့ ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစု တို့ ထိတွေ့တိုက်ပွဲများရှိနေကြာင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့၏ အရှေ့တောင်ဘက် နှင့် အ‌နောက်တောင်ဘက်တို့တွင် စစ်‌ကောင်စီ၊ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးအင်အားစုတို့ထိတွေ့တိုက်ပွဲများရှိနေပြီး၊ ဖေဖော်ဝါရီလ ၂ ရက်တွင်လည်း မြို့အတွင်းရှိ စစ်ကောင်စီ၏ ခမရ...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ရွာသူကြီးတစ်ဦး ပိုက်ဆံဖြင့်ပြန်ရွေးရ

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီးတစ်ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာရန် ပိုက်ဆံအများအပြားနှင့် ပြန်ရွေးရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည်...