Wednesday, January 28, 2026

သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား

သျှမ်းပြည်တဝှမ်း ကိုဗစ် -၁၉ ကာလတွင် ဆိုင်ကယ်ခိုးယူလုယက်မှု ယခင်ထက်ပိုများပြား လာကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ့ စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံထားရကြောင်းသိရသည်။

“ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုးတယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။ ခေါင်းကို ဓားနဲခုတ်ခံရတာ။ ခိုးယူတဲ့သူကိုတော့ တယောက်ပဲဖမ်းနိုင်သေးတယ်လို့ကြားတယ်။ သေချာလာတော့မသိဘူး” ဟု လာရှိုးမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုအပြင် ကိုဗစ် ၁၉ ကာလတွင် ပြည်သူများက ယခင်ထက် စားဝတ်နေရေး ပိုခက်ခဲလာသောကြောင့် အိမ်တွင်းခိုးဖောက်မှုများ၊ ခိုးယူမှုများ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာကြောင်း သိရသည်။

လာရှိုးမြို့တွင် ယခင်က ခိုးယူမှု မရှိသလောက်နည်းပါးခဲ့ပြီး ယခုရက်ပိုင်းတွင် ခိုးယူမှုကြောင့် ပြည်သူများတချို့ သိန်း (၃၀၀) အထိ ခိုးခံရကြောင်းသိရသည်။

“ ကျနော်တို့ မှတ်မိသလောက်တော့ ၇ လပိုင်းကနေ ပိုဆိုးလာတယ်။ တချို့အိမ်တွေဆိုရင် သိန်း (၃၀၀)လောက်ခိုးခံရတာရှိတယ်။ ဆိုင်ရှင်တွေဆိုလည်း ၁၅ သိန်းလောက်ပါသွားတာရှိတယ်။ ခုတလော ခိုးယူမှုကများလာတယ်။ ရက်တိုင်းလိုလိုဖြစ်နေတာပေါ့” ဟု အထက်ပါ လာရှိုးမြို့ ဒေသခံ တဦးက ပြောသည်။

အလာတူး သျှမ်းရှေ့ တာချီလိတ်မြို့တွင်လည်း ယခင်ထက် ဆိုင်ကယ်ခိုးယူမှုသည် ပိုမိုများပြားလာကြောင်းသိရသည်။

တာချီလိတ်မြို့တွင် ပုံမှန်ဆိုင်ကယ်ခိုးယူမှုများရှိနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသည့် ရဲများက ဖမ်းဆီးရမှုများ မရှိကြောင်းသိရသည်။

“ ဟုတ်တယ်။ အခုတလောပိုများလာတယ်။ စိုးရိမ်နေကြရတယ်။ ရက်တိုင်းလိုလို ခိုးနေတာ။ အိမ်ရှေ့မှာ လူမရှိရင် လည်းပျောက်ပြီ။ ခိုးတာကတော့ အရင်ကထက်ပိုများလာတယ်။ ပြီးတော့ ရဲတွေကို သွားတိုင်လည်း တခါမှ မရဘူး။ သူတို့လည်း မဖမ်းမိနိုင်ကြဘူး။ CCTV သွားပြလည်း သူတို့မဖမ်းနိုင်ဘူး” ဟု တာချီလိတ်မြို့ ဒေသခံတဦးကပြောသည်။

လက်ရှိမှာ စားဝတ်နေရေး ခက်ခဲလာသည့်အတွက် လုယက် ခိုးယူမှု များပြားလာကြောင်းလည်း သိရသည်။

“ အခုကဆိုင်တွေက ညထိဖွင့်တယ်လေနော်။ ကျနော်တို့လည်း စားဝတ်နေရေးကလည်းခက်ခဲတယ်။ ကိုဗစ်လည်းကြောက်ရတယ်။ အခုက ခိုးယူမှုပါများလာတော့ ပိုပြီးစိုးရိမ်တာပေါ့။ ဒါကို အစိုးရတွေကလည်း မဖြေရှင်းပေးနိုင်ဘူး။ ကျနော်တို့ ပိုပြီးသတိထားနေရတယ်” ဟု တာချီလိတ်မြို့ ဒေသခံတဦးကပြောသည်။

အလားတူ လာရှိုးမြို့ ဒေသခံတဦးကလည်း “ ကျနော်တို့ ညဆို တယောက်ထဲ အပြင်မသွားတာကောင်းတယ်။ ဆိုင်တွေဆိုလည်း ညထိဖွင့်ရင်လည်း အန္တရာယ်များတယ်။ အိမ်မှာနေရင်လည်း လူများများနဲနေမှလေနော်။ ကြောက်ရတယ် အခုက။ သူခိုး၊ဓားပြတွေ အရမ်းများလာတယ်” ဟု ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း သျှမ်းပြည်တဝှမ်းတွင် နေ့စဉ်နဲ့အမျှ ခိုးမှု၊ လုယက်မှုများရှိနေသော်လည်း သက်ဆိုင်ရာမှ တစုံတရားဝင်ရောက်ဖြေရှင်းပေးခြင်း အရေးယူပေးခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မူဆယ်မြို့ ရွှေဆိုင်တစ်ဆိုင်ကို သက်ကြီး အမျိုးသမီး ၂ ဦး ရွှေဆွဲကြိုးများ လုယက်ယူဆောင်သွား

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ အမှတ် (၁) မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုး များကို သက်ကြီး အမျိုးသမီး နှစ်ဦးမှ လုယက်ယူဆောင်သွားကြောင်း သိရသည်။ ယနေ့ (ဇန်နဝါရီ ၁၇ ) ရက် နံနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ အမှတ်...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...