Wednesday, January 28, 2026

မူဆယ်မြို့ ရွှေဆိုင်တစ်ဆိုင်ကို သက်ကြီး အမျိုးသမီး ၂ ဦး ရွှေဆွဲကြိုးများ လုယက်ယူဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ အမှတ် (၁) မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုး များကို သက်ကြီး အမျိုးသမီး နှစ်ဦးမှ လုယက်ယူဆောင်သွားကြောင်း သိရသည်။

ရွှေဆွဲကြိုး လာခိုးသည့်အမျိုးသမီး ၂ဦး

ယနေ့ (ဇန်နဝါရီ ၁၇ ) ရက် နံနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ အမှတ် (၁) မြို့မဈေး အပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့် “လောဝ်ခမ်း” ရွှေဆိုင်သို့ ရွှေဝယ်သယောင် ဟန်ဆောင်လာသည့် သက်ကြီးအမျိုးသမီး နှစ်ဦးသည် ရွှေဆွဲကြိုး ၈ ကုံးခန့် လုယက်ယူဆောင်သွားကြောင်း ဆိုင်ရှင်နှင့် နီးစပ်သည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသမီး ၂ ယောက်က ရွှေဝယ်ဖို့ လာကြည့်သလိုလို နဲ့ ဟိုအကုံးပြ ဒီအကုံးပြဆိုပြီး ပစ္စည်းတွေကို ထုတ်ပြ ခိုင်းတယ်၊ နောက်တော့ ရွှေဆွဲကြိုး ၁၀ ကုံးလောက်ကို ဆွဲလုပြီး ထွက်ပြေးသွားတော့တာပဲ၊ နောက်ကပြေး လိုက်ပေမယ့် မမှီ လိုက်ဘူး၊ ဆုံးရှုံးမှု တန်ဖိုးသည် ကျပ်သိန်း ၃၀၀ လောက်ရှိတယ်” ဟု အမည်မဖော် လိုသူ နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ရွှေများလုယက်ယူဆောင်သွားသည့် အမျိုးသမီး ၂ ဦး သည် အနွေးဦးထုပ်၊ အနွေးအင်္ကျီ နှင့် မာဖလာ ပတ်ထားပြီး ဗမာစကားသာ ပြောဆိုကြပြီး အသက် ၅၀ ဝန်းကျင်ရှိကြောင်း ဆိုင်ရှင် နှင့် နီးစပ်သူက ဆက်ပြော သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ ဖုန်းအဟောင်းရောင်းဝယ်ရေး ပြုလုပ်သည့် ဆိုင်တစ်ဆိုင် ကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၆ ယောက်က ကားတစ်စီးဖြင့် ရောက်လာပြီး ဓားပြလာတိုက်သွားသည့်အတွက် ငွေကျပ်သိန်း ၁၀၀၀ ထက်မနည်း ဆုံးရှုံးသွားသည့် ဖြစ်စဥ် ရှိခဲ့သည်။

မူဆယ်မြို့သည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး နှင့် စီးပွားရေး ကျဆင်းလာမှုကြောင့် သူခိုး၊ ဓားပြ ပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးမှု မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။