Wednesday, January 28, 2026

ကိုဗစ်-၁၉ မြင့်တက်နေသော်လည်း Mask( နှာခေါင်းစည်း) တပ်ဆင်ခြင်းမရှိ

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ် ၁၉ ကူးစက်ခံရမှု များပြားနေသော်လည်း ပြည်သူများတချို့ mask တပ်ဆင်ပြီး အပြင်သွားလာခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ကိုဗစ် ကူးစက်မှု မလျော့ကျသေးသည့်အတွက် mask ကို စနစ်တကျတပ်ဆင်ပေးပါရန်အတွက် သျှမ်းမြောက် မူဆယ်မြို့ ပရဟိတ အဖွဲ့က ပြောသည်။

“ ဒီမှာက mask မတပ်ဘဲ သွားလာနေတာက များတယ်။ ကိုဗစ် အရမ်းကျလာတာတော့မဟုတ်သေးဘူး။ အပြင်သွားရင်တော့ mask ကို စနစ်တကျတပ်စေချင်တယ်။ mask မတပ်တဲ့သူက အရမ်းများနေသေးတယ်။” ဟု မူဆယ်မြို့ ပရဟိတ အဖွဲ့က ပြောသည်။

အလာတူ စက်တင်ဘာ ၁ ရက်နေ့မှ စပြီး သျှမ်းရှေ့ တာချီလိတ်မြို့တွင်လည်း ပြည်သူများက ပုံမှန်အတိုင်းသွားလာနေပြီး mask တပ်ပြီး အပြင်သွားလာမှုလည်း များလာကြောင်း သိရသည်။

ထိုအပြင် တာချီလိတ်မြို့ရှိ စားဝတ်နေရေး ခက်ခဲလာသောကြောင့် ပြည်သူများသည် ကိုဗစ် ၁၉ နှင့်အတူ နေထိုင် သွားနိုင်ရန် အတွက်သာ ကြိုးစားနေကြကြောင်းသိရသည်။

“ ကျနော်တို့ ကြည့်ရတာက ပြည်သူတွေက ဒီကိုဗစ် နဲ့ပဲ အတူနေဖို့ကြိုးစားနေကြရတော့တယ်။ စားဝတ်နေရေးအတွက် ခက်ခဲလာတော့ အပြင်ထွက်ရှာရပြီလေ။ အဲကြောင့် သူတို့တွေလည်း ကိုဗစ် နဲ့ အတူနေသွားနိုင်ဖို့ပဲ ကြိုးစား နေကြရတယ်” ဟု တာချီလိတ်မြို့ ပရဟိတအဖွဲ့က ပြောသည်။

အလားတူ သျှမ်းတောင်တောင်ကြီးမြို့တွင်လည်း မနက်ခင် ဈေးဝယ်သည့် အချိန်တွင် ပြည်သူများ အနေဖြင့် ဈေးသွားဝယ်ရာတွင် လူစုဝေးမှုဖြစ်ပွားနေပြီး တချို့ပြည်သူများက mask တပ်ထားခြင်းမရှိကြောင်း သိရသည်။
“ ပုံမှန်ဆို mask မတပ်တာက မရှိသလောက်နည်းပါတယ်။ ဒါမဲ့ မနက်ခင်းပိုင်းဈေးသွားဝယ်တဲ့ အချိန်မှာဆိုရင် တချို့တွေက mask မတပ်တာတွေရှိနေသေးတယ်။ ပြီးတော့ ဈေးနေ့တွေဆိုလည်း လူတွေတော့ များတယ်လေ။ စုဝေးနေတာတွေတော့ ရှိတယ်” ဟု တောင်ကြီးမြို့ ပရဟိတ အသင်း မှ အဖွဲ့ဝင်တစ်ဦး က ပြောသည်။
ထိုသို့ ကိုဗစ် ၁၉ ပြန့်ပွားနေချိန်တွင် ပြည်သူများအနေဖြင့် အပြင်သွားပါက မဖြစ်မနေ mask များကို တပ်ပေးကြရန်အတွက် ထပ်မံပြောဆိုခဲ့သည်။
“ ဖြစ်နိုင်ရင်တော့ ဘယ်သွားသွား mask တပ်စေချင်တယ်။ အပြင်သွားတိုင်း mask တပ်ပေးပါ။ ကိုဗစ်က ကျဆင်းသွားပြီးမဟုတ်ဘူး။ ကူးစက်နေသေးတယ်။ ပြည်သူတွေအားလုံးလည်း ပူးပေါင်းပြီး ဒီကိုဗစ်ကို တိုက်ထုတ်ပေးကြပါ။ စည်းကမ်းရှိပေးကြပါ။” ဟု ပရဟိတ အဖွဲ့များက ပြောသည်။

သျှမ်းပြည်အတွင်း ကိုဗစ်-၁၉ ကြောင့် နေ့စဉ်နဲ့အမျှ သေဆုံးမှု ရှိပြီး၊ မြို့ပေါ်သာမက ကျေးရွာများတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...