ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် မြင့်တက်

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် ကိုဗစ် ကူးစက်မှု ပိုများလာကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ (၈)ရက် ယနေ့ တွင် (၁၇၅)ဦး စစ်ဆေးရာ ကိုဗစ်ပိုးကူးစက်ခံရသူ (၄၄)ဦး တွေ့ရှိခဲ့ကြောင်း၊ မြို့ပေါ်ထက် ကျေးရွာများတွင် ကူးစက်မှု ပိုများနေကြောင်း သိရသည်။

“မြို့ပေါ်မှာ ကိုဗစ်ကူးစက်မှုက လျော့တယ်၊ ဒါပေမယ့် ကျေးရွာတွေမှာတော့ ပြန်များလာတယ်၊ ပေါင်းလောင်းမြို့ တောင်ကျရွာမှာဆို ပိုးတွေ့တာများတယ်၊ တခြားရွာတွေမှာလည်း များနေတယ်” ဟု ပင်လောင်းမြို့နယ် ကိုဗစ်ကုသရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တွင် RTD ဖြင့် (၄၆)ဦး စစ်ဆေးရာ (၁၄)ဦးတွေ့ရှိခဲ့ပြီး PCR ဖြင့် (၁၂၉) ဦးစစ်ဆေးရာ (၃၀)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ယခင်က PCR စက်ဖြင့် စစ်ဆေးမှုတွင် ထက်ဝက်နီးပါး ကိုဗစ်ပိုး တွေ့ရှိခဲ့သော်လည်း ယခုတွင် သိသိသာသာလျော့နည်းသွားကြောင်း၊ ပင်လောင်းမြို့နယ်အတွင်းပါဝင်သည့် နောင်တရားမြို့တွင်လည်း ကိုဗစ်ကူးစက်မှု လျော့နည်းသွားကြောင်း ဒေသခံထံမှ သိရသည်။

“အရင်က PCR နဲ့ (၂၀၀)လောက်စစ်ရင် ပိုးတွေ့တာ (၁၀၀)လောက်ထိရှိခဲ့တယ်၊ နောင်တရားမြို့ ရပ်ကွက်(၁)မှာဆိုရင်လည်း အရင်က ကိုဗစ်ကူးစက်မှု တော်တော်များတယ်၊ ခုတော့ လျော့ကျသွားပြီ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ပင်လောင်းမြို့နယ်တွင် ပင်လောင်းပြည်သူ့ဆေးရုံ၊ နောင်တရားတိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ် ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံနှင့် ပေါင်းလောင်းတိုက်နယ်ဆေးရုံတို့တွင် ကိုဗစ်ကုသရေး စင်တာဖွင့်လှစ်ထားပြီး ကုသပေးနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် စက်တင်ဘာလ (၈)ရက် (ယနေ့)အထိ ကိုဗစ် − ၁၉ ရောဂါကူးစက်ခံရသူ (၁၁၃၆)ဦးထိ ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၉၈၄)ဦးနှင့် သေဆုံးသူ (၁၄)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...