Wednesday, January 28, 2026

သီပေါ နမ့်လန်ဒေသ ကိုဗစ်မြင့်တက်သည့်အတွက် Lock down ပြုလုပ်မည်

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ယခု ရက်ပိုင်းအတွင်း Lock down သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်လန်ဒေသတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု အားနည်းနေခြင်းကြောင့် ကိုဗစ်ကူးစက်မှု မြင့်တက်နေတာဖြစ်ကြောင်း၊ လာမည့် စက်တင်ဘာလ (၉)ရက်နေ့မှစပြီး Lock down သတ်မှတ်ထားကြောင်း စုံစမ်းသိရသည်။

“ဒီလ (၉)ရက်နေ့ကစပြီး Lock down (၇)ရက် သတ်မှတ်လိုက်တယ်၊ ဒီရက်ပိုင်း ကိုဗစ်ကူးစက်မှုက အရမ်းမြင့်တက်လာတယ်၊ ဒေသခံတွေလည်း စည်းကမ်းလိုက်နာမှု အားနည်းလွန်းတယ်” ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်လန်ဒေသတွင် ယခုလအတွင်း သတ်မှတ်ထားသည့် lock down ကာလအတွင်း နံနက် (၆)နာရီမှ (၁၀)နာရီအထိသာ အပြင်ထွက်ခွင့်ရှိကြောင်း သိရသည်။

ထို့အပြင် နေအိမ်တွင်းသေဆုံးသူထံမှ ကိုဗစ်ရောဂါပိုး တွေ့နေရသည့်အတွက် ဒေသခံများ ပိုပြီး သတိထားသင့်ကြောင်း၊ သတ်မှတ်ထားသည့်စည်းကမ်းများလည်း ပိုမိုလိုက်နာစေလိုကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဖြစ်နိုင်ရင် တစ်အိမ်တစ်ယောက်ပဲ ထွက်ကြ၊ သတ်မှတ်ထားတဲ့စည်းကမ်းတွေလိုက်နာကြဖို့လိုတယ်၊ ခုက နေအိမ်တွင်း သေဆုံးတဲ့သူမှာလည်း ကိုဗစ်ပိုး တွေ့နေရတာဆိုတော့ ပိုပြီးသတိထားသင့်တယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅)ရက်နေ့ညပိုင်းက နမ့်လန်ဒေသ ပင်စင်ရပ်ကွက်တွင် နေအိမ်အတွင်း သေဆုံးသူ သက်ကြီးအမျိုးသမီးတစ်ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

နမ့်လန်ဒေသအပါအဝင် သီပေါမြို့နယ်သည် ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့ကတည်းက Stay at home သတ်မှတ်ခံထားရတာဖြစ်ပြီး သီပေါ မြို့မဈေး၊ ဝက်ဝံပျံကျဈေးနှင့် နမ့်လန်မြို့မဈေးတို့အား စက်တင်ဘာလ (၁၄)ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် စက်တင်ဘာလ (၇)ရက် ယနေ့နံနက်ပိုင်းအထိ ကိုဗစ် − ၁၉ ကူးစက်ခံရသူ (၁၂၀၀)ကျော်ရှိနေပြီး နမ့်လန်ဒေသမှ ကူးစက်သူ (၂၅၀)နှင့် သေဆုံးသူ (၂၁)ဦးထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...