Tuesday, January 27, 2026

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည်ဟု မြို့နယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် (အောက်တိုဘာလ တတိယ) အပတ်တွင်လည်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးကို ဓားဖြင့်ဖောက်ခွဲမိရာ ပေါက်ကွဲ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“ဒီလ ၁ ရက်နေ့က အမျိုးသား ၂ ယောက် မှိုသွားရှာရင်း မြေမြုပ်မိုင်းနင်းမိတာ။ တစ်ယောက်က ခြေထောက်ပြတ်သွားတယ်။ အရင်လက တတိယအပတ်မှာလည်း အမျိုးသားတစ်ယောက် အိမ်ဘေးမှာတွေ့တဲ့ ဗုံးကို ဓားနဲ့ခုတ်လို့ ပေါက်ကွာတာ ပွဲချင်းပြီး သေသွားတယ်။ အိမ်ပြန်ဖို့ ကြိုးစားနေတဲ့ စစ်ရှောင်တချို့တွေလည်း အဲ့လိုသတင်းတွေကြားတော့ ပြန်မလာရဲတော့ဘူး။ သူတို့လည်း နင်းမိမှာကြောက်နေကြတယ်” ဟု ၎င်းက ပြောသည်။

သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို အောက်တိုဘာ ၂၃ ရက်နေ့မှစ၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နေရပ်ပြန်သွားသည့် ဒေသခံအချို့သည် ယခုလိုမြေမြုပ်မိုင်း ပေါက်ကွဲမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

လက်ရှိ သီပေါမြို့အတွင်း ဒေသခံအချို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်သော်လည်း တောတောင်ထဲ စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်အချို့သည် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရသဖြင့် ပြန်မလာရဲကြသေးကြောင်း သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ထဲကိုတော့ ပြန်လာရဲသေးတဲ့လူတော့ လာကြတယ်။ စစ်တပ်ဗုံးကြဲမှာ‌ ကြောက်နေကြတဲ့သူလည်း တောထဲမှာပဲ ဆက်နေနေသေးတယ်။ ဘာလို့ဆို မြေမြုပ်မိုင်းနင်းမိတယ်လို့ ကြားတော့ ပြန်လာဖို့ ပိုကြောက်ကြပြီလေ။ ကျန်နေတဲ့ လက်နက်အကြွင်းအကျန်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းက လာရောက် ရှင်းလင်းဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

သီပေါမြို့ပေါ်ရှိ ရွှေဓားကျောင်းတိုက်၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် စစ်ဘေးရှောင် များ ဆက်လက်တိမ်းရှောင် ခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

အလားတူ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တွင်း တိုက်ပွဲများကြောင့် ကျေးသီးမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်သည် (၃) လကျော်ကြာ တိမ်းရှောင်နေပြီးနောက် လက်ရှိတွင် စားဝတ်နေရေး ခက်ခဲသည့်အပြင် စောင်နှင့် အနွေးအထည် အဝတ်အစားများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နိုင်ငံတကာမြေမြှုပ်မိုင်းများတားဆီးရေးလှုပ်ရှားမှု(ICBL)က ဆောင်ရွက်သော မြေမြှုပ်မိုင်းများစောင့်ကြည့်ရေး အဖွဲ့က ၁၉၉၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းအသုံးပြုမှုကို မှတ်တမ်းတင်ခဲ့ကာ ICBLက မြန်မာမှာရှိသည့် လက်နက်ကိုင်အဖွဲ့တွေအားလုံးကို မြေမြှုပ်မိုင်းအသုံးပြုမှုချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့သည်။

သို့သော် အာဏာပိုင်များအနေဖြင့် မြေမြှုပ်မိုင်းနှင့် တခြားဖောက်ခွဲရေးပစ္စည်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရှင်းလင်းရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီတွေကို ဟန့်တားထားတာတွေရပ်ဖို့ တိုက်တွန်းခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ်...

လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက်...