မိုင်းေငါ့ မြို့မရိပ်သာကျောင်းတိုက်ဆရာတော် ကိုဗစ်ကြောင့် ပျံလွန်တော်မူ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ မြို့မရိပ်သာကျောင်းတိုက်ဆရာတော် ကိုဗစ်ပိုးကူးစက်မှုကြောင့် စက်တင်ဘာလ (၅)ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။

မိုင်းငေါ့မြို့ မြို့မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဦးဝိရိယသည် ပြီးခဲ့သည့် စက်တင်ဘာလ (၃)ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားလာမှုကြောင့် မိုင်းငေါ့မှ ကျောက်မဲဆေးရုံသို့ သယ်လာစဥ် လမ်းတဝက်တွင် ပျံလွန်တော်မူသွားတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“နေမကောင်းဖြစ်တာတော့ကြာပြီလို့ကြားတယ်၊ မနေ့က ကျန်းမာရေးအခြေနေ ဆိုးလာလို့ ကျောက်မဲဆေးရုံကို သယ်လာတာ၊ လမ်းတစ်ဝက်မှာပဲ ပျံလွန်တော်မူသွားတယ်” ဟု မိုင်းငေါ့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြို့မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးဝိရိယ သည် သက်တော် (၅၅)ဝါ၊ ဝါတော် (၃၅)ဝါ ရှိကြောင်း၊ အဆိုပါကျောင်းတိုက်တွင် သံဃာ (၁၀)ပါးဝန်းကျင်ရှိပြီး လက်တလောတွင် သွားလာမှု ကန့်သတ်ထားကြောင်း သိရသည်။

“ဆရာတော်ရဲ့ ကျောင်းတိုက်ကိုလည်း Lock down လုပ်ထားလိုက်ပြီ၊ မိုင်းငေါ့မှာက စစ်ရှောင်တွေလည်း ရှိတယ်၊ ကိုဗစ်ကူးစက်တာတွေ အရမ်းများလာတယ်ဆိုတော့ စိုးရိမ်ရတယ်” ဟု ကျောက်မဲ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင်ပြည်သူ (၅၀၀)ဝန်းကျင်ရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းက တာလုံစစ်ရှောင်စခန်းမှ ကိုဗစ်ကူးစက်ခံရသူ (၁၂)ဦး တွေ့ရှိခဲ့ရတာဖြစ်ကြောင်း၊ အဆိုပါ စစ်ရှောင်စခန်းအား ဝင်ထွက်ကန့်သတ်ထားသည့်အတွက် စားနပ်ရိက္ခာခက်ခဲမှုရှိနေကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် စက်တင်ဘာလ (၅)ရက် ယမန်နေ့အထိ ကိုဗစ် − ၁၉ ကူးစက်ခံရသူ (၅၇)ဦး ရှိပြီး သေဆုံးသူ (၂)ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...