Wednesday, January 28, 2026

လဲချား စျေးအနီး လမ်းမပေါ် ယာယီစျေးသတ်မှတ်ရောင်းချ

သျှမ်းတောင် လွိုင်လင်ခရိုင် လဲချား မြို့မဈေးအနီး လမ်းမများပေါ်တွင် ယာယီဈေးသတ်မှတ်ပြီး ရောင်းချနေကြကြောင်း သတင်းရရှိသည်။

လဲချား မြို့မဈေး မြောက်ဘက်နှင့် အရှေ့ဘက်ရှိ လမ်းမပေါ်တွင် ယာယီဈေးသတ်မှတ်ထားတာဖြစ်ပြီး အသီးအရွက်သည်များအား ရောင်းချခွင့်ပြုနေကြောင်း သိရသည်။

“အရင်က မိုင်းရှူး၊ လားရှိုးကိုသွားတဲ့ လမ်းမကြီးပေါ်မှာ ရောင်းချခွင့်ပေးထားတာ၊ ဒါပေမယ့် လမ်းကကျဉ်းပြီး အခါကြီးရက်ကြီးဆို လမ်းပိတ်တာတွေဖြစ်တော့ မနေ့က မြို့မဈေး မြောက်ဘက်နဲ့ အရှေ့ဘက် လမ်းမှာ နေရာသတ်မှတ်ပြီး ရောင်းချဖို့တာဝန်ရှိသူတွေ ပြန်လုပ်ထားပေးတယ်” ဟု လဲချားဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်ကာလအတွင်း လဲချားမြို့မဈေးအား ပိတ်ထားသည့်အတွက် မိုင်းရှူး၊ လားရှိုးသွား လမ်းမကြီးပေါ်တွင် ယာယီဈေးရောင်းချခဲ့ကြတာဖြစ်ပြီး စက်တင်ဘာလ (၉)ရက် (ယနေ့)နံနက်ပိုင်းတွင် မြို့မဈေးအနီး လမ်းမပေါ်သို့ ပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ကြောင်း သိရသည်။

ထိုနေရာတွင် နံနက်အစောပိုင်းမှ နံနက်(၁၀)နာရီအချိန်ထိသာ ရောင်းချခွင့်ပြုထားတာဖြစ်ကြောင်း၊ ပန်းခြံအတွင်း ယခင်ယာယီဈေးသတ်မှတ်ထားသည့်နေရာတွင်လည်း ဆက်လက်ရောင်းချနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုက ဈေးဝယ်တဲ့သူထက် ရောင်းတဲ့သူက ပိုများနေတာ၊ ဒီနေ့မနက်ဆို ဈေးနားက လမ်းမှာ နေရာသတ်မှတ်ပြီး ပေးရောင်းတယ်၊ ဒီပန်းခြံမှာလည်း ရောင်းနေကြတယ်၊ ဝယ်တဲ့သူက မရှိဘူး၊ တစ်ချို့ရက်ဆို ဈေးကောက်ဖိုးတောင် မရဘူး” ဟု ပန်းခြံအတွင်း ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုပန်းခြံထဲတွင် ကိုဗစ်ပထမလှိုင်းကတည်းက ယာယီဈေးရောင်းချသည့်နေရာအဖြစ် သတ်မှတ်ပေးထားခဲ့တာဖြစ်ပြီး ယနေ့တိုင် ဆက်လက်ရောင်းချနေတာဖြစ်ကြောင်း သိရသည်။

လဲချားမြို့တွင်း စက်တင်ဘာလ (၉)ရက် ယနေ့အထိ ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရသူ (၁၂၀)ကျော်ရှိပြီး သေဆုံးသူ (၅)ဦးနှင့် ဆေးဆုံဆင်းခွင့်ရသူ (၁၁၀)ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...