တောင်လေးလုံးအကျဉ်းထောင်ရှိ နိုင်ငံရေး အကျည်းသားများ ကိုဗစ် – ၁၉ ကူးစက်ခံနေရ

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံနေရကြောင်း သတင်းသိရသည်။

တောင်လေးလုံးအကျဉ်းထောင်

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခြင်းကို ခံရပြီး ညောင်ရွှေ အကျဉ်း ထောင် (တောင်လေးလုံး) အကျဉ်းထောင်တွင် အကျဉ်းချထားခြင်း ခံရသည့် နိုင်ငံရေး အကျဉ်းသားများ တချို့သည် ကိုဗစ် -၁၉ ကူးစက်ခံရကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ကို တိုက်ရိုက်အကြောင်းကြားပေးတာ မဟုတ်ပါဘူး၊ ကျမတို့ ရှေ့နေကနေ တစ်ဆင့်နဲ့ပဲ ဖုန်းဆက် အကြောင်းကြားလာတယ်၊ ဘာမှတော့ သေချာမသိရဘူး၊ ကျမကလည်း ကြားကြားချင်း နောက် တစ်နေ့ ထောင်ဝင်စာသွားတွေ့တယ်၊ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး” ဟု တောင်လေးလုံးမှာ ဖမ်းဆီး ထိန်းသိမ်း ခြင်းခံထားရသူ စိုင်းမျိုး ( နာမည်လွဲ ) ၏ အမျိုးသမီး ဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းမျိုး(နာမည်လွဲ) သည် နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူဖြစ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့ သည့် မေလ ၁၆ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် နေအိမ်ခန်းထဲထိ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံရသူ ဖြစ်ပြီး လက်ရှိမှာတော့ အကျဉ်းထောင်ထဲတွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရပါသည်။

လက်ရှိ တောင်လေးလုံး အကျဉ်းထောင်တွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရသည့် အကျည်းသားများသည် သိရှိရသည့် စာရင်းအရ ၁၀ ဦးထက်မနည်း ရှိနေပြီး အကျဉ်းထောင်မှ တာဝန်ရှိသူများကို မေးမြန်းရာ ကောလဟလများဖြစ်ကြောင်း ပြောခဲ့သည်။

“တချို့က ကောလဟလတွေပါ၊ အကျဉ်းသားတွေ အားလုံးက ကိုဗစ် ကာကွယ်ဆေးအားလုံးထိုးပြီးကြပါပြီ၊ တကယ်လို့ နေမကောင်းဖြစ်လာပြီဆိုရင်လည်း ကျနော်တို့ဖက်က သက်ဆိုင်ရာအလိုက် ကုသပေးပါတယ်၊ အရမ်းကြီးလည်း စိတ်ပူစရာ မရှိပါဘူး” ဟု တောင်လေးလုံး အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

အကျဉ်းထောင်များသည် ပြီးခဲ့သည့် ၇ လပိုင်း ၁၈ ရက်နေ့မှ ၈ ပိုင်း ၁၈ ရက်နေ့ အထိ တစ်လတိတိ ထောင်ဝင်စာ ပို့ခွင့် ပိတ်ပင်ထားပြီး ထောင်ဝင်စာ ပို့ခွင့် ပြန်လည် ခွင့်ပြုပေးပြီး အချိန်မကြာသေးခင်မှာ ယခုလို သတင်းမျိုး ကြားရကြောင်းလည်း ထောင်လေးလုံးအကျဉ်းထောင်ရှိ သားတစ်ဦး၏ ဖခင်ကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုတွေ မဖြစ်ခင် အရင်ကဆို ထောင်ဝင်စာပို့ဖို့လည်း ပိတ်ထားတယ်လေ၊ ခုပြန်ပို့ခွင့်ပြုတာဖြင့် မကြာ သေးဘူး၊ သားက ထောင်ထဲမှာ ကိုဗစ် – ၁၉ ကူးစက်ခံနေရပြီတဲ့၊ စိတ်မကောင်းဘူးပေ့ါ၊ ပြီးတော့ စိတ်ပူ တယ်၊ အပြင်မှာ ရောဂါဖြစ်နေရင်တောင် ကုသဖို့ ခက်ခဲနေကြရတာပဲ၊ ထောင်ထဲမှာ ရှိနေတဲ့ သူတို့လေးတွေ ဘယ်လောက်ထိ ခက်ခဲနေမလဲဆိုတာ တွေးကြည့်ရုံနဲ့ မျက်ရည်ကျရတယ်” ဟု ထောင်လေး လုံး အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် သားတစ်ဦး၏ ဖခင်က ပြောသည်။

ရှမ်းပြည်နယ် အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/အချုပ်သား အားလုံးကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူက အတည်ပြု ပြောဆိုထားသည်။

ညောင်ရွှေအကျဉ်းထောင်မှ အချုပ်သား ၃ ဦးသည် ပြီးခဲ့သော ရက်ပိုင်းတွင် ကိုဗစ် – ၁၉ ကြောင့် ကွယ်လွန်ခဲ့ရသည့် အပြင် လက်ရှိအကျဉ်းထောင် အတွင်းရှိ အချုပ်သားအချို့တို့လည်း ကိုဗစ် – ၁၉ ကူးစက်ခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...