Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအုပ်စုတချို့ ကိုဗစ် ကာကွယ်ဆေးကိုထိုးရန် စိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရန်အတွက် စိတ်လုံခြုံမှုမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ထို ထိုးပေးမည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ဆီနိုဖန်း (Sinopharm) ဖြစ်သောကြောင့် ကျေးရွာတွင် နေထိုင်သည့် ပြည်သူများက ထိုးရန် ကြောက်ရွံ့ စိုးရိမ်နေကြောင်းသိရသည်။

“ ကျနော်တို့ ထိုးသင့်လားမထိုးသင့်ဘူးလား မသိဘူးဗျ။ ဒါမဲ့ကျနော်တို့ ရွာဖက်တွေမှာတော့ ကြောက်နေကြတယ်။ မထိုးချင်ဘူး။ ဘာလို့လဲဆို သူက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးလေ။ အခုကသူတို့က စာရင်းတွေ လိုက်ကောက်နေတယ်” ဟု နမ့်ခမ်းမြို့နယ် ဟိုပုံကျေးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတရုတ်နိုင်ငံထုတ်ကာကွယ်ဆေးသည် ကိုဗစ် ၁၉ ကို ၅၀ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ကြောင်း၊ ထိုးသော်လည်း အမှားမရှိကြောင်း အမည်မဖော်လိုသည့် ဆရာဝန်တဦးက ပြောသည်။

“ သူက အရမ်းကြီးကာကွယ်နိုင်တာတော့မဟုတ်ဘူး။ ထိုးထားတော့လည်း မမှားဘူးပေါ့။ ဘာမှတော့ မဖြစ်ပါဘူး။ ဒါမဲ့သူက ရာနှုန်းပြည့် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတော့မဟုတ်ဘူးပေါ့။ ၅၀ ၅၀ ပါဘဲ။ ထိုးချင်သူရဲ့ ဆန္ဒရထိုးချင်ထိုးပေါ့နော်” ဟု အမည်မဖောလိုသည့် ဆရာဝန်တဦးက ပြောသည်။

အလားတူ ယခင်က အသက် (၆၅) နှစ် ပြည်သူများကို ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးရာတွင် သွားရောက်ထိုးခြင်းမရှိကြောင်းလည်းသိရသည်။

လာမည့် စက်တင်ဘာ (၇) ရက်နေ့တွင် နမ့်ခမ်းမြို့ပေါ်နှင့် ကျေးရွာရှိ အသက် (၁၈) နှစ်အထက် ပြည်သူများကို ကိုဗစ် ၁၉ ကာကွယ်ဆေးကို ထပ်မံထိုးသွင်းမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...