မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ – နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

နမ့်ခမ်း

ယနေ့ (ဧပြီလ ၂) ရက်တွင် မူဆယ် – နမ့်ခမ်းကြား တိုးဂိတ်အနီး ကောင်းမူးရွာ နှင့် မန့်ဟောင်းလွယ်ရွာ အနီးတွင် TNLA တပ်ဖွဲ့သည် ကားသမားများ ထံမှ ပိုက်ဆံတောင်း ဆက်ကြေးကောက်နေကြောင်း ဒေသခံများက ပြော သည်။

“မနက် ၁၁ နာရီကတည်းကနေ ဒီအချိန်ထိ TNLA စစ်သားတွေက လမ်းမှာစောင့်ပြီး ကားသမားတွေဆီကနေ ပိုက်ဆံ တောင်းနေတယ်၊ ကုန်တင်ကား အသေး/ အကြီး အကုန်ကောက်တယ်၊ ကုန်နည်းနည်းလေးပါတာတောင် ပိုက်ဆံ တစ်သိန်းတောင်းတယ်၊ ကားအကြီးတွေဆိုရင် ၃ သိန်းထိတောင်းတယ်” ဟု မျက်မြင် ကြုံတွေ့ရသည့် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့သည် ကုန်တင်ကားများကို ဆက်ကြေးအဖြစ် ပိုက်ဆံ မြန်မာငွေ ကျပ်သိန်း ၁ သိန်းမှ ၃ သိန်းအထိ ကောက်ယူ တောင်းခံနေရာ လက်ရှိတွင်လည်း ကားလမ်းများပိတ်ကာ ခရီးကြန့်ကြာမှု ဖြစ်စေကြောင်းလည်း ဒေသခံများက ပြောသည်။

မူဆယ်-နမ့်ခမ်း ဆက်ကြေးကောက်နေတဲ့ TNLA

ထို့အပြင် ယခုရက်ပိုင်း အတွင်း၌ TNLA တပ်ဖွဲ့သည် မူဆယ် – နမ့်ခမ်းကြားရှိ အရပ်သား နေအိမ်ဝန်း ထဲတွင် ရက်ရှည် နေထိုင်မှုများလည်း ပြုလုပ်နေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ TNLA ၏ အရပ်သားနေအိမ်ဝင်းထဲ ရက်ရှည်ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံများက လုံခြုံရေး အတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (TNLA) က အိမ်ဝန်းထဲ နေချင်သလို ဝင်နေနေကြတာ၊ မီးဖိုဆောင်ထဲ ဝင်ချက်ပြုတ်ပြီး ဖြစ်သလို ထား ကြတာ၊ စောင်တွေဆိုလည်း ယူသုံးတယ်၊တစ်ပတ် လောက်ကြာအောင် နေတယ်၊ တချို့ အိမ်ရှင်က ကြောက်လို့ စစ်သားတွေနဲ့ အတူ မနေရဲလို့ သူတို့ (TNLA) တွေကို အိမ်မှာ နေခိုင်းပြီး၊ အိမ်ရှင်တွေက တခြားအိမ်မှာ သွားအိပ် ရတာမျိုးတွေရှိတယ်” ဟု အသက် ၅၀ ကျော် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ် နှင့် ကပ်လျက်ရှိသည့် မူဆယ်မြို့နယ်မှ ကောင်းဝန်းရွာ၊ နောင်ခန်ရွာတို့ရှိ ပြည်သူ့အိမ်ဝန်းထဲတွင် ဝင်ရောက်နေထိုင်သည်မှာ တစ်ပတ်ခန့် ရှိလာပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

TNLA တပ်ဖွဲ့တို့မှ ဝင်ရောက်နေထိုင်သည့် တချို့သော အိမ်များသည် အမျိုးသမီးသာ ရှိနေသည့် အိမ်ဖြစ်နေကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသမီးချည်းသက်သက်ရှိနေတဲ့အိမ်မို့ တခြားနေရာ စီစဥ်ပေးမယ်လို့ ပြောတာလည်း လက်မခံကြဘူး၊ အိမ်ရှင် အမျိုးသမီးတွေက ကြောက်ပြီး အိမ်မှာမနေရဲတော့ပဲနဲ့ တခြားအိမ်မှာ သွားနေနေရတာ၊ နောက်တစ်ခု စိုးရိမ် ရတာက တိုက်ပွဲဖြစ်မှာကိုပေါ့၊ TNLA က ဒီမှာ ရှိနေလို့ ဆိုပြီး တစ်ဖွဲ့ဖွဲ့က လာပစ်ရင် ပြည်သူတွေကပဲ နစ်နာရမှာ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

TNLA တပ်ဖွဲ့သည် မူဆယ် – နမ့်ခမ်း ကြား လမ်းပိုင်းတစ်လျှောက်ရှိ ကားများကို တားမြစ် အခွန်ကောက်ခြင်း၊ ဆိုင်ကယ်ဖြင့် လိုက်လံ အခွန်ကောက်ခြင်းများ၊ ရပ်ရွာအသီးသီးရှိ အရပ်သား အိမ်ဝန်းထဲ လှည့်လည် ဝင်ရောက် နေထိုင်ခြင်းများ ပြုလုပ်နေသည်မှာ တစ်လခန့် ရှိပြီဟုလည်း သိရသည်။

ယင်းကိစ္စ ဖြစ်စဥ်များ နှင့် ပတ်သက်ပြီး ဖြစ်စဥ် သိရှိနိုင်ရန် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး တားအိုက်ကျော်ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှော နေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...