မိုင်းငေါ့ ကိုဗစ်ပိုးတွေ့သည့် စစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည် မီးဖွား

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းတွင် ယနေ့( စက်တင်ဘာလ ၃)ရက် မနက်ပိုင်းတွင် ကိုယ်ဝန်သည် တစ်ဦး မီးဖွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (၂)လဝန်းကျင်ကတည်းက မိုင်းငေါ့မြို့ တာလုံရပ်ကွက် တာလုံစစ်ရှောင်စခန်းတွင် ရောက်ရှိလာသည့် ကိုယ်ဝန်သည်ဖြစ်ပြီး ယနေ့ နံနက် (၆)နာရီတွင် အဆိုပါစစ်ရှောင်စခန်း၌ မီးဖွားခဲ့တာဖြစ်ကြောင်း သိရသည်။

“စစ်ရှောင်တွေနေတဲ့ တာလုံကျောင်း ဓမ္မာရုံရဲ့ ဘေးမှာ သူ့အတွက် သီးသန့် တဲထိုးပေးထားတယ်၊ အဲ့ထဲမှာပဲ မီးဖွားတယ်၊ ရောက်နေတာတော့ (၂)လလောက်ရှိပြီ” ဟု မိုင်းငေါ့စစ်ရှောင်များကို ကူညီနေသည့် စိုင်းထွန်းတင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကိုယ်ဝန်သည်အား မိုင်းငေါ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ မွေးဖွားပေးခဲ့တာဖြစ်ပြီး ကလေးမှာ ယောက်ျားလေးဖြစ်ကြောင်း၊ ဟိန်းဝိုးဒေသခံ စိုင်းကျော်ဝင်းနှင့် နန်းဝင်းကြည်တို့၏ သားလေးဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့ တာလုံစစ်ရှောင်စခန်းတွင် ကိုဗစ်ကူးစက်သူ (၁၂)ဦး ရှိနေသည့်အတွက် မွေးကင်းစကလေးငယ်နှင့် မိခင်အတွက် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“ခုက စစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်သူ ရှိလို့ အဝင်အထွက် ကန့်သတ်ထားတော့ သူတို့အတွက် ပိုပြီးခက်ခဲသွားတယ်၊ ကလေးရော မိခင်ရော အသုံးပြုဖို့ ပစ္စည်းတွေ လုံလောက်မှုမရှိဘူး” ဟု မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းငေါ့ တာလုံစစ်ရှောင်စခန်းတွင် စစ်ရှောင်(၁၀၀)ကျော်ရှိနေပြီး ကိုယ်ဝန်သည် (၄)ဦးရှိနေကြောင်း၊ စက်တင်ဘာ (၁)ရက် (ယနေ့) မိုင်းငေါ့မှ ကိုဗစ်ပိုးတွေ့လူနာများထဲတွင် ကိုဝန်သည် (၂)ဦးလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၆)ရက်နေ့တွင်လည်း ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စု ဝမ်လုံစစ်ရှောင်စခန်းတွင် ရောက်ရှိနေသည့် ပန်ကွမ်ကျေးရွာမှ စစ်ရှောင်ကိုယ်ဝန်သည်တစ်ဦး မီးဖွားခဲ့ကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...