Wednesday, January 28, 2026

ဟိုပုံးကိုရင်လေးဘေး ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ပိုးတွေ့

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးကိုရင်လေး ဘေးတွင် အနီးကပ် ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။

ထို (၆) ဦးသည် ဟိုပုံးကိုရင်လေး၏ ဘေးအနီးကပ်တွင် စောင့်ရှောက် နေပြီး ယမန့်နေ့ စက်တင်ဘာ (၁) ရက်နေ့က ပိုးစစ်ဆေးကြည့်ရာတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်းသိရသည်။

“ သူတို့က ဆရာတော်ရဲ့ဘေးမှာ အနီးကပ်စောင့်ရှောက်ပေးတဲ့သူတွေ။ မနေ့က စစ်ဆေးပေးတာ (၆) ဦးလုံးကတော့ ပိုးတွေ့တယ်။ ဟိုပုံးမြို့နယ်က ဆရာဝန်တွေကိုယ်တိုင်က ကွန့်ဖန်လုပ်ပေးတာ။ ဒါမဲ့ သူတို့တွေက မယုံကြဘူး။” ဟု ဟိုပုံးမြို့ ပအိုဝ်းလူငယ်တဦးကပြောသည်။

ပိုးတွေ့လူနာ (၆) ဦးသည် Quarantine မဝင်သည့်အပြင် ဆေးကုသခံယူမှုလည်း ယနေ့ထိ ပြုလုပ်လျက်မရှိကြောင်းသိရသည်။

ထိုအပြင် ကိုရင်လေး၏ ဆွမ်းများကိုပါ ၎င်းတို့က ပြုလုပ်ရန်လိုအပ်သေးသောကြောင်း၊ မိမိကိုယ့်ကိုယ်တွင် ကိုဗစ် ၁၉ ပိုးမရှိကြောင်း ထို (၆) ဦးက ယူဆနေလျက်ရှိသည်ဟုသိရသည်။

“ သူတို့က Quarantine ဝင်ခိုင်းတာလည်းမဝင်ဘူး။ သူတို့မှာ ပိုးမရှိဘူးလို့ပဲပြောတယ်။ q ဝင်ရင်လည်း (၁၄) ရက်နဲ့ ဆေးကုတာနဲ့ကြာလို့မဝင်ဘူးတဲ့။ ပြီးတော့ သူတို့ ကိုရင်လေးအတွက် လုပ်ပေးစရာတွေရှိသေးတယ်ပြောတယ်။ သူတို့တွေက ကိုရင်လေး ပျံလွန်သွားတာတောင် မယုံနိုင်ကြသေးဘူး” ဟု ဟိုပုံးမြို့ လူငယ်တဦးကပြောသည်။

အလားတူ ယနေ့ ဟိုပုံးကိုရင်လေး ပျံလွန်တော်မှုပြီး ဈာပနာခရီးလမ်းတွင် (Mask) နှာခေါင်းစည်း များ တပ်ထားသည့် သူမရှိသလောက်နည်းပါးကြောင်း လှုမှုကွန်ယက်ပေါ်တွင် ပြန့်နှံနေသည့် live တွင် တွေ့ရှိရသည်။

ထိုသို့ အယုံကြည်လွန်ပြီး ကိုးကွယ်နေခြင်းကြောင့် ပြည်သူတချို့က စိုးရိမ်နေကြရကြောင်း ဟိုပုံမြို့တွင် နေထိုင်သည့် သူတဦးက ဆိုသည်။

“ ကျနော်တို့ကတော့ အရမ်းကို စိုးရိမ်နေပြီ။ ပိုဆိုးတာက အဲဘက်မှာရှိတဲ့ရွာတွေေ။ ကျနော်တို့ မြို့မှာနေတာတောင် အရမ်းကိုကြောက်နေကြပြီ မယုံကြည်တာတော့ မဟုတ်ဘူး။ အယုံကြည်လွန်သွားပြီးဆိုရင်လည်းမကောင်းဘူး။ သတိနဲ့တော့နေစေချင်တယ်။ အခုက ဈာပနာသွားတာတောင်း တယောက်မှ mask မတပ်ကြဘူး။ live မှာကြည့်ရင်လည်း တွေ့ပါတယ်” ဟု ဟိုပုံးနေ ဒေသခံတဦးက ပြောသည်။

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူ ကြောင်း ဆရာဝန်များက ပြောဆိုသော်လည်း ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် ပြည်သူ့စစ်တချို့က ဆရာဝန်ကို သေနတ်ထောက်ပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့သေးကြောင်း ထို လူငယ်က ပြောသည်။

အလားတူ ယနေ့ ကိုရင်လေး ဈာပနာကို သွားရောက်သူတိုင်းသည် ရွာကိုပြန်ရောက်ရှိပါက ရွာသူကြီးထံ စာရင်းပေးပြီး Quarantine ဝင်ကြပါရန် PNO က မေတ္တာရပ်ခံ စာထုတ်ပြန်ခဲ့သည်။

ဟိုပုံးကိုရင်လေး (အရှင်ပေါရိဿ) သည် ယမန့်နေ့ စက်တင်ဘာ (၁) ရက် မနက် ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ကိုဗစ် ၁၉ ရောဂါဖြင့် ပျံလွန်တော်မှုသွားခဲ့ကြောင်း မြို့နယ်ဆရာဝန်များကိုယ်တိုင်က အတည်ပြုပြောဆိုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့ ကောက်လာသည့် မိုင်းပေါက်ကွဲ တစ်ဦးသေဆုံး၊ ကလေးငယ် ၃ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီသူ (အထက်)ကျေးရွာတွင် ကောက်လာသည့်မိုင်းပေါက်ကွဲရာ အမျိုးသားတစ်ဉီးသေဆုံးပြီး ကလေးငယ် ၃ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)ရွာရှိ ကလေးငယ်သည် ရွာပြင်တွင် ကျနေသည့် မပေါက်ကွဲသေးသော မိုင်းကို ကောက်ယူလာသဖြင့် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း...

ဟိုပုံးမြို့ရောက် ဆီဆိုင်စစ်ရှောင်ကလေးများ ကျောင်းပြောင်းလက်မှတ်မရှိ ကျပ်ငွေ ၆သောင်းထိပေးရ

0
ဟိုပုံးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသော ဆီဆိုင်မြို့နယ် စစ်ရှောင် ကလေးငယ်များ ကျောင်းတက်ရန်အတွက် ကျောင်းပြောင်းလက်မှတ်မရှိလျှင် ငွေကျပ် ၆သောင်းထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ ကျောင်းအပ်ရန် လက်ခံနေပြီး ဆီဆိုင်မြို့နယ် မှ ထွက်ပြေးလာသော...

လားရှိုးမြို့နယ် မိုင်းကျက်မှ ရှင်သာမဏေတစ်ပါး မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာမှ ကိုရင်လေးတစ်ပါးသည် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်တွင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄)နှစ်အရွယ်ရှိ ရှင်ကုမာရ သည် အုတ်ခဲသွားသယ်နေစဉ် မပေါက်ကွဲသေးသည့်...

ဟိုပုံးမြို့တွင် စစ်မှုထမ်းသင်တန်း ပထမဆုံးဖွင့်လှစ်၊ ရှေ့တန်းထိ ပို့ခံရမည်ကိုစိုးရိမ်နေ

0
သျှမ်းပြည်ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) တွင် ပထမဆုံးအကြိမ် စစ်မှုထမ်းသင်တန်းအခမ်းအနားကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ စစ်မှုထမ်းသင်တန်းအခမ်းအနားကို ယနေ့ (ဧပြီလ ၈ )ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝာာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...