Wednesday, January 28, 2026

ဟိုပုံးမြို့တွင် စစ်မှုထမ်းသင်တန်း ပထမဆုံးဖွင့်လှစ်၊ ရှေ့တန်းထိ ပို့ခံရမည်ကိုစိုးရိမ်နေ

သျှမ်းပြည်ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) တွင် ပထမဆုံးအကြိမ် စစ်မှုထမ်းသင်တန်းအခမ်းအနားကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်မှုထမ်းသင်တန်းအခမ်းအနားကို ယနေ့ (ဧပြီလ ၈ )ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝာာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်များက ဖော်ပြထားသည်။

သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ဖြန့်ဝေနေကြရာ ရာနှင့်ချီသည့် လူငယ်များကို ပုံတွင် တွေ့ရသည်။

ဧပြီလ ၃ ရက်တွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား စစ်ဝတ်ပစ္စည်းများ ထုတ်ပေးခြင်း အခမ်းအနား၌စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက “မင်းတို့ဒီထဲမှာ စာအုပ်ဖတ်လို့ရအောင် လုပ်ပေးမယ်။ ဒီဗီကြည့်လိုရအောင်၊ ဘောလုံးပွဲကြည့်လို့ရအောင်၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးမယ်” ဟု အမှာစကား ပြောကြားခဲ့သည်။

သို့သော် ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်မှာဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုများ ရှိပြီး စစ်ရေးရှုံးနိမ့်နေကာ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို ရှေ့တန်းသို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်နေသည်ဟု ဟိုပုံးမြို့လူငယ်တစ်ဦးက ပြောသည်။

“တချို့ကတော့ ကြောက်လို့ ပြေးကုန်ပြီ။ တချို့ကျတော့လည်း မတတ်နိုင်လို့ လုပ်ရတာ။ မဖြစ်မနေ အတင်းအကျပ် ရှေ့တန်းသွားရမယ်ဆိုရင်တော့ မသိတော့ဘူး၊ သွားရမှာပဲ။ ဒါပေမဲ့ ဘယ်သူမှတော့ မသွားချင်ဘူးလေ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ တွင်လည်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွားများတွင် စစ်သင်တန်းတက်ပြီး သူများအပြင် မတက်ရသေးသည့် သူများကိုပါ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOက လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကနဦး စစ်မှုထမ်း ပထမအသုတ်ကို သင်္ကြန် ကာလပြီးမှ ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထား သော်လည်း ယခုအခါ နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးစဥ် စတင်ခေါ်ယူနေပြီဖြစ်ပြီး လစဥ် အနည်းဆုံး လူငယ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...