ဟိုပုံးမြို့တွင် စစ်မှုထမ်းသင်တန်း ပထမဆုံးဖွင့်လှစ်၊ ရှေ့တန်းထိ ပို့ခံရမည်ကိုစိုးရိမ်နေ

သျှမ်းပြည်ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ သင်တန်းကျောင်း (တကန) တွင် ပထမဆုံးအကြိမ် စစ်မှုထမ်းသင်တန်းအခမ်းအနားကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်မှုထမ်းသင်တန်းအခမ်းအနားကို ယနေ့ (ဧပြီလ ၈ )ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝာာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပြီး ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်များက ဖော်ပြထားသည်။

သင်တန်းဖွင့်ပွဲ မှတ်တမ်းဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ဖြန့်ဝေနေကြရာ ရာနှင့်ချီသည့် လူငယ်များကို ပုံတွင် တွေ့ရသည်။

ဧပြီလ ၃ ရက်တွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား စစ်ဝတ်ပစ္စည်းများ ထုတ်ပေးခြင်း အခမ်းအနား၌စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက “မင်းတို့ဒီထဲမှာ စာအုပ်ဖတ်လို့ရအောင် လုပ်ပေးမယ်။ ဒီဗီကြည့်လိုရအောင်၊ ဘောလုံးပွဲကြည့်လို့ရအောင်၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးမယ်” ဟု အမှာစကား ပြောကြားခဲ့သည်။

သို့သော် ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်မှာဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုများ ရှိပြီး စစ်ရေးရှုံးနိမ့်နေကာ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို ရှေ့တန်းသို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်နေသည်ဟု ဟိုပုံးမြို့လူငယ်တစ်ဦးက ပြောသည်။

“တချို့ကတော့ ကြောက်လို့ ပြေးကုန်ပြီ။ တချို့ကျတော့လည်း မတတ်နိုင်လို့ လုပ်ရတာ။ မဖြစ်မနေ အတင်းအကျပ် ရှေ့တန်းသွားရမယ်ဆိုရင်တော့ မသိတော့ဘူး၊ သွားရမှာပဲ။ ဒါပေမဲ့ ဘယ်သူမှတော့ မသွားချင်ဘူးလေ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ တွင်လည်း ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွားများတွင် စစ်သင်တန်းတက်ပြီး သူများအပြင် မတက်ရသေးသည့် သူများကိုပါ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNOက လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကနဦး စစ်မှုထမ်း ပထမအသုတ်ကို သင်္ကြန် ကာလပြီးမှ ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထား သော်လည်း ယခုအခါ နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးစဥ် စတင်ခေါ်ယူနေပြီဖြစ်ပြီး လစဥ် အနည်းဆုံး လူငယ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...