မိုင်းငေါ့ရောက် စစ်ရှောင် (၁)ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့စစ်ရှောင်စခန်းရှိ အမျိုးသမီး (၁)ဦး ကိုဗစ်ကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

မိုင်းငေါ့မြို့ တာလုံစစ်ရှောင်စခန်းရှိ အသက် (၈၅)နှစ်အရွယ် သက်ကြီး အမျိုးသမီး (၁)ဦးသည် ပြီးခဲ့သည့် သြဂုတ်လ (၂၉)ရက်က ကိုဗစ်ပိုးကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

“ကိုဗစ်လက္ခဏာဖြစ်နေတာ (၁)ပတ်လောက်ရှိပြီ၊ အဲ့ဒီနေ့မှာပဲ အရေးပေါ် စစ်ဆေးကြည့်လိုက်တော့ ကိုဗစ်ပိုးတွေ့တာ၊ ကိုဗစ်ပိုး တွေ့တဲ့နေမှာပဲ ဆုံးသွားတာပါ” ဟု မိုင်းငေါ့မြို့ ကိုဗစ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက် ယမန်နေ့က မိုင်းငေါ့မြို့မှ နှာခေါင်း၊ အာခေါင် တို့ဖတ် (၁၂၄)ခုအား လားရှိုးသို့ ပို့ဆောင်စစ်ဆေးထားပြီး တာလုံစစ်ရှောင်စခန်းမှ (၉၃)ဦး ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူ ပြောပြချက်အရ သိရသည်။

တာလုံစစ်ရှောင်စခန်း အပါအဝင် မိုင်းငေါ့မြို့တွင် စစ်ရှောင် (၅၀၀)ဝန်းကျင်ရှိပြီး ကျန်းမာရေးမကောင်းသည့် စစ်ရှောင်များလည်း ရှိနေသည့်အတွင် ၎င်းတို့အတွက် စိုးရိမ်ရကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးကပြောသည်။

“မိုင်းငေါ့မှာ စစ်ရှောင်ရောက်ရှိနေတာတွေက များတယ်၊ ခုက နေမကောင်းတဲ့သူတွေလည်း ရှိနေတယ်ဆိုတော့ ပိုပြီး စိုးရိမ်ရတယ်၊ အားလုံးက စုပြီးနေကြရတာဆိုတော့ အရမ်းကို သတိထားပြီး နေကြဖို့ လိုတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန်က ပြောသည်။

မိုင်းငေါ့မြို့တွင် အရေးပေါ်လူနာများကိုသာ ကိုဗစ်ချက်ချင်းစစ်ပေးတာဖြစ်ပြီး Quarantine ဝင်နေသည့် သာမန်ပြည်သူများအား တစ်ပါတ် တစ်ရက်သာ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီး လားရှိုးကို ပို့ဆောင် စစ်ဆေးပေးနေတာဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့သည် Lock down သတ်မှတ်ထားပြီး မြို့အဝင်တွင် နေ့စဉ်စစ်ဆေးမှုများဆောင်ရွက်နေကြောင်း၊ ယမန်နေ့အထိ ကိုဗစ် ကူးစက်ခံရသူ (၃၆)ဦးရှိပြီး သေဆုံးသူ (၁)ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...