Wednesday, January 28, 2026

ပင်လုံမြို့ Mask (နှာခေါင်းစည်း) မတပ်ဘဲသွားလာသူများ ကျပ်ငွေ ၅၀၀ ဒဏ်ရိုက်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဈေးသွားဈေးလာသူများ mask (နှာခေါင်းစည်း) မတပ်ဘဲ သွားလာသူများကို ကျပ်ငွေ (၅၀၀) ဒဏ်ရိုက် အရေးယူကြောင်းစုံစမ်းသိရှိရသည်။

ပင်လုံမြို့တွင် ကိုဗစ် ၁၉ တဖန်ပြန်တိုးလာသောကြောင့် ယမန့်နေ (စက်တင်ဘာ ၃ ရက်) မှစပြီး အပြင်သွားလာသူများ Mask မတပ်ပါက ငွေရိုက်ဒဏ်ယူခဲ့ကြောင်းသိရသည်။

“ ကျနော်တို့မကောက်ခင်က အရင်ကတည်းက ဆော်ဪပါတယ်။ မနက်တိုင်း ဈေးတွေမှာဆော်ဪပေးတယ်။ ခုက စကားနားမထောင်ကြဘူး။ ဒီလို ငွေဒဏ်ရိုက်တာက ထိရောက်မယ်ထင်လို့ ကျနော်တို့ကောက်ခဲ့တာ။ အခုက ပင်လုံကိုဗစ် လူနာနည်းနည်းပြန်တိုးလာတယ်” ဟု ပင်လုံမြို့ ကိုဗစ် ၁၉ ရောဂါလူနာများကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ ငွေကောက်ခံယူပြီး ဒဏ်ခတ်ခြင်းသည် ယခင်ကတည်းက လုပ်ဆောင်ခဲ့သင့်ကြောင်း ပင်လုံမြို့ အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။

“ ကောင်းတယ်။ ဒီလိုကောက်တာ။ ၅၀၀ ကောက်တာနည်းသေးတယ်။ ၅ထောင်လောက်ကောက်ရမှာ။ ဒီလောက်ရောဂါ ဖြစ်နေတာ သူတို့တွေက ခုချိန်ထိ mask မတပ်ကြသေးဘူး။ ကျမတို့ကတော့ သဘောကျတယ်ဒီလိုလုပ်တာ။” ဟု ဒေသခံတဦးက ပြောသည်။

ပင်လုံမြို့တွင် ယမန့်နေ့ စက်တင်ဘာ ၃ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆) ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ပင်လုံမြို့တွင် ယခုရက်ပိုင်း ပိုးတွေ့လူနာ ပြန်တိုးလာကြောင်း ပင်လုံမြို့ ပရဟိတ အဖွဲ့က သိရသည်။

လွိုင်လင်မြို့နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်းအစတွင် ပိုးတွေ့လူနာ (၂၀၀) ကျော်ထိရှိပြီး လက်ရှိဆေးရုံတွင်ကုသနေသူ (၃၀) ကျော်နှင့် သေဆုံးသူ (၈) ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...