ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ ဒေါ်ခင်သန်း သင်္ကန်းပရိက္ခရာဆိုင်တွင် မီးမလာခြင်းကြောင့် ဖယောင်းတိုင်မီးထွန်းအိပ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မီးမလာလို့ ဖယောင်းတိုင်မီး ထွန်းအိပ်တယ်လို့ပဲ သိထားသေးတာ၊ သေဆုံးတာက ကျား ၁ မ ၃ တစ်ယောက်ကတော့ လွှတ်တယ်။ မီးက ဆိုင်ရှေ့ပိုင်းမှာ လောင်တဲ့ပုံစံ၊ လောင်စာက အားကောင်းတယ် သင်္ကန်းပရိက္ခရာဆိုင် ဆိုတော့လေ အထဲမှာ ပစ္စည်းတွေ များတာ။ ခြုံစောင်၊ သင်္ကန်း၊ အနေကထိုင်တို့ အဲ့လိုပေါ့၊ လောင်စာများပြီး မီးတောက် တအားများတော့ မထွက်နိုင်ဘဲ ပိတ်မိပြီး ဆုံးတာ”ဟု ပင်လုံမြို့မှ မီးသတ်တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူများမှာ ဦးညိုမြင့် အသက် ၅၈ နှစ်၊ ဒေါ်ခင်နှင်းဝေ အသက် ၅၄ နှစ်၊ ဒေါ်နန်းခင်မြ အသက် ၆၆ နှစ် နှင့် ဒေါ်ခင်သန်း အသက် ၆၈ နှစ် တို့ဖြစ်ပြီး လက်ရှိတွင် အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်သို့ ပင်လုံမြို့၊ လွိုင်လင်မြို့နှင့် နမ့်စန်မြို့တို့မှ မီးသတ်ကားများအပြင် ဒေသခံများမှ ထော်လာဂျီများဖြင့် ရေသယ်ယူပြီး မီးငြိမ်းကူခဲ့ရာ ယနေ့နံနက် (၆) နာရီကျော်တွင် မီးစထိန်းနိုင်ခဲ့ကြောင်း ဆိုသည်။

ပင်လုံမြို့နေအိမ်မီးလောင်

အလားတူ မီးလောင်ကျွမ်းမှုကြောင့် အုတ်မြင့် နှစ်ထပ်အိမ်နှင့် ပစ္စည်းကာလတန်ဖိုး ကျပ်သိန်း (၁၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှုမှ လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးကိုလည်း ပင်လုံမြို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။

“မီးပျက်တဲ့ အချိန်ကာလဆိုတော့ မီးသုံးစွဲတာတွေက တော်တော်ဆင်ခြင်မှ ရမယ်၊ မီးက ပျက်လိုက် လာလိုက် ဖြစ်နေတဲ့ အချိန်တွေရယ် အဆင်မပြေ ဖြစ်နေတဲ့ကာလမှာ ဖယောင်းတိုင်မီး ထွန်းလိုက်တာ စနစ်မကျတာပေါ့၊ လျှပ်စစ်မီးကအစ လောင်စာတွေ ဖယောင်းတိုင်မီးတွေ သုံးစွဲတော့မယ် ဆိုရင် စနစ်တကျလေး သုံးစွဲဖို့ပေါ့”ဟု ပင်လုံမြို့မှ ၎င်းမီးသတ်တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၆) ရက်ကလည်း တောင်ကြီးမြို့ပေါ် ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

ဖယ်ခုံ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ် အမျိုးသားတစ်ဦးသေဆုံး ၊တစ်ဉီးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ရှိကျေးရွာကို စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်)မနက် ၁၀ နာရီဝန်ကျင် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုနေခြင်းကြောင့် ဒေသခံ အမျိုးသားတစ်ဦး...

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...