ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။

သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ ဗိုလ်မှူးကြီးညီညီထွန်း (ကြည်း-၃၃၂၈၃) (စစ်တက္ကသိုလ် အပတ်စဥ် ၄၃) ကို မိုတယ် အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လားရှိုး တိုက်ပွဲ ကာလတုန်းက ကိုးကန့်တပ်ကို စစ်သတင်းတွေ ရောင်းစားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတာ ဆိုတော့ အခြေအနေ မကောင်းနိုင်ဘူး။ အခု ဝန်တင်တပ်ရင်း (၂) မှာ ချုပ်ထားတယ်။ DSA ၄၃ ဆင်း ကျောက်ပန်းတောင်းသားပါ” ဟု ၎င်းက ရှင်းပြသည်။

အသက် ၄၅ နှစ် အရွယ် အဆိုပါ တပ်ရင်းမှူးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးပြီးနောက် ဝန်တင်တပ်ရင်းမှ ဗိုလ်ကြီးမျိုးနိုင်လင်း ထံ လွှဲပြောင်းပေးခဲ့ကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ ရမခ စစ်ဌာနချုပ်ကို ကိုးကန့်တပ်-MNDAA တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရမခ ကျဆုံးရခြင်းသည် တပ်တွင်း သတင်းပေး ဖရဲသီးများကြောင့် ဖြစ်ကြောင်း စစ်ကောင်စီဘက်က သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...