Tuesday, January 27, 2026

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။

ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။

မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့ ဘရိတ်ကာ (Breaker) ခဏခဏကျနေတယ်လို့ ပြောတယ်။ ကျနော်တို့ ရပ်ကွက် ၃ မှာက စက်ကြီးတွေသုံးတဲ့ ပါဝါမီတာတွေအရမ်းများတော့၊ သူတို့ စက်ကြီးတွေ မောင်းပြီဆိုတာနဲ့ ဘရိတ်ကာ (Breaker)က ချက်ချင်းကျသွားတာပါ။

မီးအားဆိုလည်း ၁၃၀ ကျော်လောက်ဘဲရှိပါတယ်။ အများဆုံး မီးအားတက်ရင်လည်း ၁၈၀ လောက်ဘဲ ရှိတယ်။ ဒါတောင် ညအရမ်းနက်မှ မီးအားကအဲ့လောက်ရှိတာပါ။ ရပ်ကွက် ၂ က မီးလိုင်းနဲ့ချိတ်ထားတဲ့ အိမ်တွေဆိုရင်တော့ မီးလာနေတာကို မြင်နေရပြီး ကျနော်တို့ ရပ်ကွက်ထဲမှာ မှောင်နေတာ တစ်လလုံးတောင် မကတော့ဘူး။ တစ်နှစ်နီးပါးလောက် ရှိနေပါပြီ။

တစ်မြို့လုံးမီးပျက်လို့ မီးပြန်လာချိန်ဆို သူများရပ်ကွက်ထက် ကျနော်တို့ ရပ်ကွက် ၃ က မီးလာချိန် အမြဲနောက်ကျတယ်။ မီးပျက်ချိန်ရောက်ရင်တော့ တစ်မြို့လုံးနဲ့ အတူတူပျက်တယ်။ လျှပ်စစ်ရုံးက တာဝန်ရှိတဲ့လူတွေအနေနဲ့ မီးလိုင်းတွေကိုသေချာပြန်ဆွဲပြီး ထရန်စဖာ (Transfor) နိုင်တဲ့ဝန်အားကို သေချာတွက်ချက်ပြီး ဖြစ်ဖြစ် ကြိုးစားဆောင်ရွက်ပေးစေချင်ပါတယ်။

ပင်လုံမြို့ ရပ်ကွက် ၃ တံတားဦးလမ်းမှာရှိတဲ့ ထရန်စဖာ (Transfor) လည်း ပါဝါမီတာတပ်ဆင်ထားတဲ့ အိမ်တွေများနေတာကြောင့် ဝန်အားမနိုင်တာဖြစ်ပြီး ဘရိတ်ကာ(Breaker) ခဏခဏကျပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာကို တာဝန်ရှိသူတွေဆီ ဖုန်းဆက်အကြောင်းကြားလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း မရှိသေးပါဘူး။

ထရန်စဖာ (Transfor) ကို သွားကြည့်တော့ မီးကလင်းနေတယ်။ သက်ဆိုင်ရာကို ဖုန်းဆက်ပြောပြီး မီးပြန်လာတင်ခိုင်းပါတယ်။ လာတင်ပြီး ၅ မိနစ်ထက် မပိုပါဘူး၊ ပြန်ပျက်တော့တာပါပဲ။ အဲ့လိုဖြစ်တော့ သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြားပါတယ်။ ဖုန်းထပ်ခါထပ်ခါ ဆက်လွန်းလို့လားမသိဘူး၊ ကျနော် ဖုန်းနံပါတ်ကိုပါ (Block) လုပ်ထားပါတယ်။ လျှပ်စစ်ဦးစီးအနေနဲ့ ကိုယ်တာဝန်ကျတဲ့မြို့မှာ မီးအဆင်ပြေအောင် သေချာဆောင်ရွက်ပေးစေချင်ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဘရိတ်ကာပျက်လို့ဆိုပြီး အဲ့ transfor နဲ့ချိတ်ထားတဲ့အိမ်တိုင်းကို တအိမ်လျှင် ကျပ် ၅ထောင် ဆိုပြီး ကောက်ပါသေးတယ်။

မီးပျက်နေတာ အခုဆိုတစ်ပတ်လောက်ရှိနေပါပြီ။ အခြားရပ်ကွက်တွေမှာ တစ်နေ့ကို မီး ၁၀ နာရီအထက် လာပေမဲ့ ကျနော်တို့ရပ်ကွက် ၃ မှာတော့ မီးလာတာ တစ်ရက်မှ ၃ နာရီတောင်မပြည့်ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...