Wednesday, January 28, 2026

သီပေါမြို့နယ် ဒေသခံတချို့ ကိုဗစ် နှင့်စစ်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ် ဆန်ပြုတ်သောက်နေရ

သျှမ်းမြောက် သီပေါမြို့နယ်တွင် စဉ့်အင်ဘူတာ အနီးတွင်နေထိုင်သည့် ပြည်သူမျာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့် စစ်ကောင်စီအာဏာသိမ်းသည့်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ဆန်ပြုပ်သောက်နေရသူများပင် ရှိနေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ အာဏာသိမ်းသည့်နောက်ပိုင်း ရထားပြေးဆွဲမှုများ ရပ်နားခဲ့ရသည်မှာ (၇)လ ဝန်းကျင် ရှိနေပြီး ခြံထွက်သီးနှံများလည်း မရောင်းရသည့်အတွက် ပိုမိုခက်ခဲသွားတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ် စဉ့်အင်ဘူတာဒေသခံများသည် သီပေါ − လားရှိုး မီးရထားလမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြတာဖြစ်ပြီး ယခင်တွင် ရထားဘူတာရုံကိုမှီတင်ကာ ဝင်ငွေရှာဖွေခဲ့ရာ ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် ရထားသွားလာမှု ရပ်ဆိုင်ခဲ့ရပြီး ဝင်ငွေမရှိကာ ခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။

“ဒီမှာက ရထားကိုပဲ အားကိုးတာ၊ အသီးအနှံတွေကို သယ်ယူတယ်၊ ရောင်းချတယ်၊ ခုက ရထားမထွက်တော့ဘူးဆိုတော့ ဝင်ငွေမရှိတော့ဘူး၊ တချို့ဆို ဆန်ပြုတ်ပဲ သောက်နေရတယ်” ဟု စဉ့်အင်ဘူတာတွင်နေထိုင်သည့် နန်းကိန်ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါဒေသသည် သီပေါ − လာရှိုး ကားလမ်း စဉ့်အင်ကျေးရွာမှ (၂)မိုင်ဝန်းကျင်ခန့် ကွာဝေးပြီး ဆိုင်ကယ်ဖြင့်သာ အဓိကသွားလာနေရကြောင်း၊ မိုးရွာသည့်အချိန်တွင် သွားလာရန် ပိုခက်ခဲသည့်ဒေသဖြစ်ကြောင်း သီပေါဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ရွာကို သွားဖို့အရမ်းခက်တယ်၊ အဓိက က ဆိုင်ကယ်ပဲ အသုံးပြုကြတယ်၊ မိုးရွာတဲ့အချိန်ဆို သွားလို့မရတော့ဘူး၊ ကားလမ်းရှိပေမယ့် လမ်းအရမ်းကြမ်းလွန်းသိပ်မသွားကြဘူး” ဟု သီပေါဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ မန်ဆန်ကျေးရွာအုပ်စုတွင်း ပါဝင်သည့် စဉ့်အင်ဘူတာ အနီးတွင် လူဦးရေ (၃၀၀)ဝန်းကျင်ရှိကြောင်း၊ ထို့အပြင် သီပေါ − လားရှိုး ရထားလမ်းဘေးတွင် နေထိုင်ကြသည့် ဆွန်လုံကျေးရွာအုပ်စု တာပုလဲ၊ ပန်ခါးကျေးရွာဒေသခံများလည်း စားနပ်ရိက္ခာခက်ခဲမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...