မိုင်းငေါ့ စစ်ရှောင် ကိုယ်ဝန်သည်အပါအဝင် (၁၂) ဦး ကိုဗစ်ထပ်မံကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ စစ်ရှောင်စခန်းမှ ကိုယ်ဝန်သည်(၂)ဦးအပါအဝင် စစ်ရှောင် (၁၂)ဦး ကိုဗစ်ပိုး ထပ်မံကူးစက်ခံခဲ့ရကြောင်း သိရသည်။

မိုင်းငေါ့မြို့ တာလုံရပ်ကွက် တာလုံဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းမှ ပြီးခဲ့သည့် ရက်ပိုင်းက ကိုဗစ်ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာ လ (၃)ရက် (ယနေ့)တွင် ကိုဗစ်ကူးစက်ခံရသူ (၁၂)ဦး ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။

“လားရှိုးကို ပို့ပြီး စစ်ဆေးတဲ့ထဲမှာ တာလုံစစ်ရှောင်စခန်းက (၁၂)ယောက်ထပ်တွေ့တယ်၊ ကိုယ်ဝန်သည် လည်းပါတယ်၊ ကျန်းမာရေးဆိုးရွားတာတွေတော့ မရှိဘူး၊” ဟု မိုင်းငေါ့ ကိုဗစ်စင်တာမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြော သည်။

မိုင်းငေါ့မြို့မှ နှာခေါင်း၊ အာခေါင်တို့ဖတ် (၁၂၄)ခုအား စက်တင်ဘာလ (၁)ရက်နေ့က လားရှို့သို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် (၁၉)ဦး ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး တာလုံစစ်ရှောင်စခန်းမှ (၁၂)ဦးထိ ပါဝင်နေတာဖြစ်ကြောင်း သိရသည်။

ထိုကိုဗစ် လူနာ (၁၂)ဦးထဲတွင် ကိုယ်ဝန်သည် (၂)ဦး၊ အသက် (၂)နှစ်အရွယ် ကလေးငယ် (၁)ဦး၊ ကိုရင်ငယ် (၂)ပါးတို့လည်း ပါဝင်ပြီး အများစုမှာ (၁၀)နှစ်ဝန်းကျင်ကလေးငယ်များသာဖြစ်ကြောင်း စုံစမ်းသိရသည်။

တာလုံစစ်ရှောင်စခန်းသည် လူနေရပ်ကွက်အတွင်း တည်ရှိနေတာဖြစ်ပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းသည့်အတွက် ကိုဗစ်ကူးစက်ခံရသူ များပြားလာတာဖြစ်ကြောင်း သိရသည်။

“အဓိကတော့ စည်းကမ်းလိုက်နာမှု အားနည်းလို့ ကူးစက်မှုမြင့်သွားတာ၊ ပြီးတော့ လူနေရပ်ကွက်အတွင်းဆိုတော့ ဝင်ထွက်မှုက များတယ်၊ Mask တွေလည်း မတပ်ကြဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကိုဗစ်ပိုး တွေ့ရှိထားသည့် လူနာများအား မိုင်းငေါ့ အထက (၁)ကျောင်းရှိ ကိုဗစ်ကုသရေးစင်တာသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း၊ ထိုစစ်ရှောင်စခန်းကိုလည်း ကန့်သတ်ထားသည့်အတွက် စစ်ရှောင်များ စားနပ်ရိက္ခာခက်ခဲကြောင်း ဒေသခံထံမှ သိရသည်။

“မိုင်းငေါ့က Lock down သတ်မှတ်ထာပြီး စစ်ရှောင်စခန်းကိုလည်း ဝင်ထွက်ကန့်သတ်ထားတော့ စားနပ်ရိက္ခာက ခက်ခဲမှုရှိတယ်၊ အလှူရှင်တွေ လှူထားတာလည်း နည်းပါးနေပြီ၊ ခုက ကိုဗစ်လူနာကလည်း ပိုများလာတော့ သူတို့အတွက် ပိုခက်ခဲတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်ဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် စစ်ရှောင် (၂၅၀၀)ကျော်ထိ ရှိနေပြီး မိုင်းငေါ့မြို့တွင် စစ်ဘေးရှောင် (၅၀၀)ဝန်းကျင်၊ တာလုံစစ်ရှောင်စခန်းတွင် စစ်ရှောင် (၁၀၀)ကျော် ရှိနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့တွင် ယနေ့ မနက်ပိုင်းအထိ ကိုဗစ်ပိုး ကူးစက်ခံရသူ (၅၅)ဦးနှင့် သေဆုံးသူ (၁)ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...