Wednesday, January 28, 2026

အင်းလေးဒေသ လူစုလူဝေးဈေးရောင်းမှု ကိုဗစ်ပျံ့နှံ့မှာ စိုးရိမ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လူစုလူဝေးဖြင့် ဈေးရောင်းချမှုများ ရှိနေသည့်အတွက် ကိုဗစ်ရောဂါ ပိုမိုပျံ့နှံ့မှာကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ပိုးကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဈေးပိတ်ထားသော်လည်း လူစုလူဝေးဖြင့် ဈေးရောင်းချနေမှုပြုလုပ်လာကြတာဖြစ်ကြောင်း သိရသည်။

“စည်ပင် သတ်မှတ်ထားတဲ့ ဈေးက ပိတ်ထားတယ်၊ ဒါပေမယ့် အဲဒီဈေးဧရိယာရဲ့ အပြင်ဘက်မှာ၊ လမ်းဘေးတွေမှာ ကိုယ့်သဘောနဲ့ကို စုပြီး ရောင်းချနေကြတာ၊ ဒီ(၂)ပတ်အတွင်းမှာ အရမ်းကို များလာတော့ ကိုဗစ်ပိုး ပိုမိုပျံ့နှံ့မှာကို စိုးရိမ်တယ်”ဟု အင်းလေးဒေသအတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့က အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်ကို Stay at home မြို့နယ်အဖြစ် သတ်မှတ်ပြီးနောက် လူစုလူဝေးဖြစ်နိုင်သည့် ဈေးနှင့် ပွဲလမ်းသဘင်ကျင်းပခြင်းများကို ပိတ်ထားခဲ့တာဖြစ်ကြောင်းသိရသည်။

သို့သော် ယခုရာသီသည် ခြံထွက်သီးနှံပေါ်ချိန်ဖြစ်သည့်အတွက် စားဝတ်နေရေးခက်ခဲနေမှုများကို ဖြေရှင်းရန် ဈေးရောင်းချမှု ပြုလုပ်လာကြတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အပြင်မထွက်ရတာကြာတော့ စားဝတ်နေရေးလည်း ခက်ခဲနေကြပြီ၊ သီးနှံပေါ်ချိန်မှာ ဈေးက ပိတ်ထားတော့ ပိုပြီးခက်ခဲတယ်၊ အဲ့တော့ ခြံထွက်သီးနှံတွေကို အဆင်ပြေတဲ့နေရာမှာ ရောင်းချကြတာ၊” ဟု အင်းလေးဒေသခံ ကိုသိန်းဇော်ဦးက ပြောသည်။

အင်းလေးဒေသ သန်းထောင်၊ တောင်တို၊ နန်းပန်၊ အင်းတိန်ဈေးတို့တွင် လူစုလူဝေးဖြစ်နေပြီး ကိုဗစ်စည်းကမ်းလိုက်နာမှု အလွန်အားနည်းနေတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပိတ်ထားသည့် ဈေးများအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပေးရန် ဒေသခံတစ်ဦးက တောင်းဆိုထားသည်။

“ဈေးတွေကို အရင်ကလို (၅)ရက် တစ်ဈေးမဟုတ်ပဲ နေ့တိုင်းဖွင့်စေချင်တယ်၊ ပြီးတော့ ဈေးသည်တွေကိုလည်း သတ်မှတ်လိုက်၊ ဘယ်နေ့မှာ ဘယ်နှယောက် ရောင်းချခွင့်ရှိတယ် ဆိုတာမျိုးပေါ့” ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ဈေးသည်များအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါက လူစုလူဝေးဖြစ်မှု နည်းပါးနိုင်ပြီး ဒေသခံများ၏ စားဝတ်နေရေးခက်ခဲမှုများလည်း အဆင်ပြေနိုင်ကြောင်း ၎င်းက ပြောသည်။

အင်းလေးဒေသအပါအဝင် ညောင်ရွှေမြို့နယ်တွင် စက်တင်ဘာလ (၁)ရက် ယမန်နေ့အထိ ကိုဗစ်ပိုး ကူးစက်ခံရသူ (၁၉၆၇)ဦး၊ သေဆုံးသူ (၈၂)ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၁၅၀၆)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...