စစ်ကောင်စီက ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပရဟိတ တစ်ချို့ မယုံကြည်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ပရဟိတ အဖွဲ့ တစ်ချို့ စစ်ကောင်စီမှ ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အယုံအကြည်မရှိကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့ရှိ ပရဟိတ အဖွဲ့ တစ်ချို့ စစ်ကောင်စီမှ ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အယုံအကြည်မရှိ

သျှမ်းပြည်အတွင်းရှိ မြို့နယ်တစ်ချို့မှာ ဇူလိုင် (၃၀) ရက်မှ စတင်ပြီး တရုတ်နိုင်ငံထုတ် (Sinopharm) ကာကွယ်ဆေးများကို (၆၅) နှစ်အထက် အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဈေးသည်များ စစ်ကောင်စီက စတင်ထိုးပေးနေကြောင်း သိရသည်။

“ကာကွယ်ဆေးက ယုံရတာမှ မဟုတ်တာ။ ဆေးက မှန်ပေမယ့် သယ်ဆောင်နည်းမှ မမှန်တာ။ ကျနော်တို့ အဖွဲ့ကတော့ တစ်ယောက်မှ ကို မထိုးဘူး။ မိသားစုတွေအပါအဝင်။ သယ်ဆောင်နည်း မမှန်တော့ ဆေးထိုးလည်း အာနိသင်ရှိမှာ မဟုတ်လို့ မထိုးတာပါ။” ဟု ကျောက်မဲပရဟိတ အဖွဲ့ တစ်ဖွဲ့က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရုတ်နိုင်ငံံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယုံကြည်မှု မရှိသောကြောင့် ပြည်သူတစ်ချို့ ကာကွယ် ဆေးသွားထိုးသွင်းခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

“လူတိုင်းကို ပိုးရှိတဲ့သူတွေလိုပဲ ဆက်ဆံပြောဆိုပါတယ်။ အတည်ပြုလူနာတွေ သံသယလူနာတွေ ကိုင်တွယ်တဲ့ နေရာမှာ အကာအကွယ် အပြည့်အစုံနဲ့ပဲ အရာရာကို သတိထားပြီး လုပ်ဆောင်နေတာပါ။ ပထမလှိုင်းစကတည်းက ကျနော်တို့ အသင်းကလည်း အခုချိန်ထိ အသိတသိနဲ့ လုပ်ခဲ့လို့လား ကံကောင်းလွန်းလို့လားတော့မသိဘူး။ ခုချိန်ထိ ပိုး တစ်ယောက်မှ မထိသေးပါဘူး”ဟု ကာကွယ်ဆေး မထိုးသည့် ကျောက်မဲ ပရဟိတ အဖွဲ့ တစ်ဖွဲ့ ကပြောသည်။

ကျောက်မဲမြို့ရှိ ပရဟိတ အဖွဲ့ တစ်ချို့ စစ်ကောင်စီမှ ထိုးပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အယုံအကြည်မရှိ

အဆိုပါ စစ်ကောင်စီမှ ထိုးပေးသည့် ကာကွယ်ဆေးသည် ကာကွယ်ဆေးထားသည့် အနေအထားမမှန်ကြောင်း နှင့် အယုံအကြည်မရှိကြောင်း ဒေသခံ တစ်ချို့က ပြောဆိုကြသည်။

“ကာကွယ်ဆေးကို အအေးခန်းမှာ ထားရမယ်။ ဆေးရုံမှာ စနစ်တကျထားရမှာကို သူတို့က ဟောခန်းမှာ လာထားပြီး ထိုးပေးတယ်။ အခန်းခန်းမှာ မထားဘူး။ ကျနော်တို့လဲ အယုံအကြည်မရှိဘူး” ဟု ကျောက်မဲဒေသခံ တစ်ဦးကပြောသည်။

တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) သည် ၂ ကြိမ် ထိုးရမည်ဖြစ်ပြီး ယခု စက်တင်ဘာ ပထမပတ်မှာ စတင်ထိုးနှံပေးနေပြီဖြစ်သည်။

စစ်ကောင်စီမှ ပြည်သူများကို ထိုးပေးသည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် (Sinopharm Vaccine) ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးချိန်တွင် ကိုက်ခဲခြင်း၊ ယောင်ခြင်း၊ ဆေးထိုးနေရာမှာ နီခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောကိုက်ခြင်း၊ အရေပြားပေါ် အနီးစက်များ ထွက်ပေါ်ခြင်း၊ အဖျားရှိခြင်း များ ဖြစ်ပွားလာနိုင်ကြောင်း သိရှိရသည်။

Sinopharm Vaccine ကာကွယ်နိုင်မှုစွမ်းအားသည် ၇၉.၃ ရာခိုင်နှုန်းဖြစ်ပြီး ဆေးကို ၂ ပတ်ခြား ခြင်းဖြင့် (၂) ကြိမ်ထိုးရမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...