Wednesday, January 28, 2026

လောက်ကိုင်

TSU အလုပ်အမှုဆောင်တစ်ဦးနှင့် အခြားလူငယ် ၄ ဦးကို MNDAA မှ အဓမ္မ ဖမ်းဆီးခံရ

သျှမ်းပြည် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသော သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် တစ်ဦးနှင့်အတူ အခြားလူငယ် ၄ ဦးတို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသည့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) အလုပ်အမှုဆောင်အဖွဲ့ဝင်...

လောက်ကိုင်တွင် လက်နက်ချ ခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးအနက် ၃ သေဒဏ် ၃ ဦး တစ်သက်တကျွန်း စစ်ကောင်စီ အမိန့်ချ

သျှမ်း လောက်ကိုင် ဒကစတပ် ကိုးကန့်တပ် MNDAA ထံ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှုများ အပါအဝင် အခြား စွပ်စွဲချက်များဖြင့် နေပြည်တော် စစ်ခုံရုံးကသေဒဏ်နှင့် တသက်တကျွန်းပြစ်ဒဏ်များ ချမှတ်ခဲ့ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၂၂...

ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ

သျှမ်းပြည်ရှိ ကိုးကန့် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အမိန့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA က ထုတ်ပြန်ကြေညာလာခဲ့သည်။ ကိုးကန့်တပ်(MNDAA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး သီတင်းပတ် ၂ ပတ်...

လောက်ကိုင် စစ်ကောင်စီတပ် ဒကစ ညှိနှိုင်း လက်နက်ချ၊ မြို့ကို ကိုးကန့်တပ် အလုံးစုံ သိမ်းပိုက်

သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၏ မြို့တော် လောက်ကိုင် အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ် စခန်း ဖြစ်သည့် စစ်ကောင်စီ၏ ဒကစ တပ် ယနေ့ ညှိနှိုင်း လက်နက်ချလိုက်ပြီဟု ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုသည်။ ကိုးကန့်ဒေသတွင်း နောင်ဆုံး ကျန်ရှိနေသည့် အင်အားကြီးမားသည့် စစ်ကောင်စီ...

လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး...

လောက်ကိုင်မြို့အတွင်း ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုမှ လေယာဥ်ဗုံးကြဲသည်အထိ တိုက်ပွဲပြင်းထန်

သျှမ်းပြည် လောက်ကိုင်မြို့အတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင်...

စစ်မြေပြင်ကြားက လွှတ်မြောက်လာသူများ

အခင်းမပါ၊ ခြုံထည်မပါဘဲ မြေကြီးပေါ် လူထောင်ချီတွေဟာ ဖြစ်သလို လှဲလှောင်းနေကြပါတယ်။ ထိုလှဲလှောင်း အိပ်စက်နေတဲ့သူတွေဟာ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ မှာ “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် အောက်တိုဘာ နောက်ဆုံးပတ်မှာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။ သူတို့လှဲလှောင်းနေတဲ့ လာရာလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ...

လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား

သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင်...

လောက်ကိုင်မှ ထွက်ခွာလာသည့် စစ်ဘေး‌ရှောင်ကြားထဲသို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် ၃ ဦးသေဆုံး

သျှမ်းပြည် လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် လူအုပ်ကြားထဲသို့ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ဘေးရှောင် ၃ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်တွင် လောက်ကိုင်မြို့အထွက် လေးမျက်နှာဘုရား တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချင်းရွှေဟော်မြို့ဘက်သို့ ဦးတည်ထွက်ခွာနေသည့်...

လောက်ကိုင် စကစ လက်အောက်ခံ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံး ထပ်မံလက်နက်ချ အလင်းဝင်

သျှမ်းပြည် လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ရှိ ခလရ-၁၂၅ တပ်ရင်းတစ်ရင်းလုံးသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့ ထပ်မံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ကုန်းကြမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ-၁၂၅ တပ်ရင်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ခမရ-၁၂၅ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ...

Latest news