Sunday, May 5, 2024

လောက်ကိုင်

ကိုးကန့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ကို ကူညီပေးထားဟု ” ဝ” တပ်ဖွဲ့မှ ဆို

သျှမ်းမြောက် ညီနောင်မဟာမိတ်သုံးဖော် နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေကြရသည့် ကိုးကန့်ဒေသမှ ပြည်သူ ၅၀၀၀ ကျော်ကို ကူညီထားပေးကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း ၏ ပြောကြားချက်အရ သိရသည်။ အောက်တိုဘာလ ၂၇ရက်တွင် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့...

လောက်ကိုင် နာမည်ကြီး ဖူလီလိုက်ဟိုတယ် မီးလောင်မှုဖြစ်

သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့ နာမည်ကြီး ဖူလီလိုက်ဟိုတယ်၏ တတိယ အထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၂) ရက် ည (၆) နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ရှိ ဖူလီလိုက် ဟိုတယ် (တတိယအထပ်) မီးလောင်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်ကြောင်း...

လောက်ကိုင်မြို့နယ် ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၉) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့၊ တုံချိန် ရပ်ကွက်၊ ထာဝရ အဝိုင်းပတ် အနီး၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး...

“အခက်အခဲရှိရင် အားမလျော့ပါနဲ့”

သျှမ်းပြည် လောက်ကိုင်မြို့မှာ Hair Stylist တယောက်အနေနဲ့ ဘာကြောင့် စိတ်ဝင်စားရလဲ။ လူငယ်တယောက်အနေနဲ့ လောက်ကိုင်မြို့မှာ ဘယ်လို ရှာဖွေစားသောက်နေလဲ၊ ဘာတွေ ခက်ခဲနေလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က Hair Stylist စိုင်းဖကို တွေ့ဆုံ မေးမြန်းထားပါတယ်။ . မေး။ ။ ပထမဆုံး အနေနဲ့...

လောက်ကိုင်မြို့အတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ထိခိုက်သေဆုံးမှုများ ရှိနေ

သျှမ်းပြည် လောက်ကိုင်မြို့ အတွင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့လယ် ကျင်ဟိုင်ဟိုတယ် အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား တစ်ဦးက...

နမ့်ခမ်းဒေသခံလေးဦး ကိုးကန့်ထိန်းချုပ်နယ်မြေ လောက်ကိုင်မှာ ပျောက်ဆုံး

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှ ဒေသခံ ၄ ဦးသည် သျှမ်းပြည် အထူးဒေသ (၁) ကိုးကန့် ထိန်းချုပ်နယ်မြေ အတွင်း၌ ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်မှ စတင်ကာ နမ့်ခမ်းမြို့နယ် နောင်ခန်ရွာနေသည့် အမျိုးသား (၃) ဦး နှင့်...

လောက်ကိုင်မြို့ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် လောက်ကိုင်မြို့နယ် ယနေ့( မေ ၂၇)ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပစ်ခတ်မှုသည် တရုတ်နိုင်ငံမှ ၎င်းတို့၏ လူကို လာရောက်ကယ်ဆယ်သဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အသေးစိတ်ကို မသိရကြောင်း လောက်ကိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...

လောက်ကိုင် ကာစီနိုရုံတွင် အလုပ် လုပ်ကိုင်ချင်သူများအတွက် ဖဲရှိုးသင်တန်း ဖွင့်လှစ်ပေး

သျှမ်းပြည် လောက်ကိုင်မြို့နယ်ရှိ ကာစီနိုရုံများတွင် ဖဲရှိုးအလုပ် လုပ်ကိုင်ချင်သူများအတွက် အခြေခံ ဖဲရှိုးသင်တန်းဖွင့်လှစ်ပေးပြီး သင်ကြားပေးနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောက်ကိုင်မြို့သို့ သွားရောက်ပြီး ကာစီနိုရုံတွင် ဖဲရှိုးအလုပ် လုပ်ကိုင်ချင်သူများအတွက် လောက်ကိုင်မြို့တွင် အခြေခံ ဖဲရှိုးသင်တန်းကို ဖွင့်လှစ်ပေးနေပြီး တစ်ဦးလျှင် တရုတ်ယွမ်ငွေ (၅၀၀) ယွမ်၊ မြန်မာငွေ...

လောက်ကိုင် ကားဂိတ်များ ကားခ ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ညွှန်ကြားစာထွက်

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မြို့နယ်ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ ကားခ ယာဥ်နှုန်း ထားများကို သတ်မှတ်နှုန်းထားဖြင့် ပိုကောက်ပါက အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်လာသည်။ ယမန်နေ့ (ဒီဇင်ဘာ ၇) ရက်စွဲဖြင့် လောက်ကိုင်မြို့နယ် ယာဥ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီက ခရီးသည် တစ်ဦးအတွက် ကားခများကို သတ်မှတ်နှုန်းထားအတိုင်း...

လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များကို စစ်ကောင်စီက တစ်ဦးလျှင် တစ်သောင်းကျပ်တောင်းယူ

သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မြို့မှ ထွက်သည့် လုပ်သားခရီးသည်များကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တစ်ဦးလျှင် တစ်သောင်း တောင်းယူကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၆) ရက်တွင် လောက်ကိုင်မြို့ထဲ အထိ တိုက်ပွဲဖြစ်ပွားမည့် သတင်းပျံ့နှံ့မှုတွေကြောင့် လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များသည် လမ်းတစ်လျှောက် စစ်ကောင်စီ...

Latest news