လောက်ကိုင်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် အခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး စစ်ကောင်စီမှ ဖုန်းလိုင်းများပါ ဖြတ်တောက်ထား‌သောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်မှ စတင်ခဲ့သော သျှမ်းမြောက် ညီနောင်မဟာမိတ် သုံးဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများ အရှိန်မြင့်လာသည့်နှင့်အမျှ ပြည်ထောင်စု လမ်းမကြီးများပေါ် ကုန်စည်ကူးသန်းခြင်းများပါ ရပ်တန့်သွားသောကြောင့် ကုန်ပစ္စည်းအားလုံး တဟုန်ထိုးဈေးတက်သွားသည့်အပြင် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ စစ်ကောင်စီမှ ဆယ်သွယ်ရေး ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်ဟု သိရသည်။

Photo – Credit ( ကုန်စျေးနှုန်း အလုအယက်ဝယ်သူများ)

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကုန်စျေးနှုန်း အဆမတန် မြင့်မားလျက်ရှိသည့် လောက်ကိုင်မြို့တွင် ယခင်က ဆန်ချောတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းကျော်မှ ယခု ကျပ်လေးသိန်း ၊ ဆန်ကြမ်း တအိတ်လျှင် ကျပ်တစ်သိန်းနှစ်သောင်းမှ ကျပ်နှစ်သိန်းကျော်အထိ ပေးဝယ်နေရပြီး ကြက်ဥ တစ်ကပ်လျှင် ယခင် ကျပ်တစ်သောင်းနှစ်ထောင်မှ ယခု ကျပ်သုံးသောင်း ၊ ယခင် ကျပ်ငါးရာတန်ခေါက်ဆွဲ ခြောက်တစ်ထုပ်က ယခုအခါ ကျပ်တစ်ထောင်ငါးရာအထိ ပေးဝယ်နေရသည့်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ခက်ခဲကျပ်တည်းစွာ ရပ်တည်နေရကြောင်း စုံစမ်းသိရှိရသည်။

“လမ်းတွေပိတ် ကုန်ကားတွေလည်း မရောက်လာဆိုတော့ ပစ္စည်းပြတ်နေချိန်လေး တရုတ်ဘက်က ဆန် လာရောင်းတော့ အကုန်အလုအယက် တိုးဝှေ့ဝယ်ကြတာပေါ့နော်။ စစ်ဖြစ်နေတဲ့အချိန် လက်ထဲ ပိုက်ဆံကိုင်ထားလို့ အလကားဘဲလေ” ဟု လောက်ကိုင်မြို့ခံ တစ်ဦးမှ သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိအခြေအနေတွင် တရုတ်နယ်စပ်မြို့ဖြစ်သည့် လောက်ကိုင်မြို့ ၌ လိုအပ်နေသည့် အခြေခံ စားကုန်များကို တရုတ်ပြည်ဘက် မှ ပြန်လည်တင်သွင်းရောင်းချနေကြပြီး နေ့စဉ် ငွေလဲလှယ်နှုန်းထားများအရ ဈေးနှုန်းအတက်အကျဖြင့် ဝယ်ယူနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်ပြည်ဘက်မှ ၁၂ ဘီးကားကြီးများဖြင့် လာရောက်ရောင်းချပေးခဲ့သော ပုံမှန်ဆန် အမျိုးအစား ၁၀ ပြည်ပါအိတ် တစ်အိတ်လျှင် ယွမ် ၂၅၀ မှ ၃၀၀ ( မြန်မာငွေကျပ်တစ်သိန်းကျော်) အထိ ပေးဝယ်ခဲ့ရပြီး လူတစ်ဦးလျှင် တစ်အိတ်နှုန်း အကန့်အသတ်ဖြင့်သာ ရရှိကြောင်းလည်း သိရသည်။

ထို့အပြင် လက်ရှိမှာ ဖုန်းလိုင်း အဆင်မပြေမှု အင်တာနက်လိုင်းများ ပြတ်တောက်ခံရမှုကြောင့် မိသားစုနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း လောက်ကိုင်မြို့ရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က တခြားလိုင်းတွေ မရလည်း သူတို့ထုတ်တဲ့ Mytel ကဒ်တော့ ရသေးတယ်။ အခုကျတော့ Mytel တွေပါမရတော့ဘူး။ အင်တာနက်လိုင်း မပျက်ဖို့ ဆုတောင်းနေရတယ်။ တရုတ်ဖုန်းဘေတို့ ၊ Wifi တို့က စျေးအရမ်းကြီးတော့ အခုချိန် ဝယ်မသုံးနိုင်ဘူးလေ။ ပြန်ဖို့ကလည်းမရ ရှေ့ဆက်ဖို့ကို တော်တော်ခက်နေပြီ ” ဟု ၎င်းကဆိုသည်။

လောက်ကိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမား အများအပြားလည်း ပိတ်မိနေရာ ထိုင်းနိုင်ငံသား ၁၆၅ ဦး အပါအဝင် နီပေါ၊ လာအို နှင့် အီသီယိုးပီယားနိုင်ငံတို့မှ နိုင်ငံခြားသား ၅၀၀ ခန့် ပိတ်မိနေကြောင်း Thai သတင်းများ၏ ဖော်ပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...