လောက်ကိုင်မှ ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးသွား

သျှမ်းပြည် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ နေရပ်ပြန်လာသည့် လူငယ် ၇ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် ရှမ်းလူငယ် (၄)ဦး

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်တွင် လောက်ကိုင်မြို့မှ နေရပ်ပြန်ရန် ထွက်ခွာလာသည့် လူငယ် ၇ ဦးသည် ချင်းရွှေဟော်မြို့သို့ မရောက်မီတွင် ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းခံရကာ စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသူများက ပြောသည်။

“လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ဆင်းလာတဲ့အချိန် ကိုးကန့်တပ်က သူတို့ကို ဖမ်းထားပြီး သူတို့မှတ်ပုံတင်ကိုလည်း မီးရှို့လိုက်တယ်။ ပြီးတော့ အဝတ်အစားတွေ ချွတ်ခိုင်းပြီးတော့ သူတို့ ကိုးကန့်စစ်ဝတ်စုံကို ချက်ချင်းဝတ်ခိုင်းတယ်လို့ ပြောတာ။ ၆ ယောက်က အတူတူ ဖမ်းခံရပြီး ကျန်တစ်ယောက်က သက်သက်ဖမ်းခံရတယ်၊ စုစုပေါင်း ၇ ယောက်ရှိမယ်။ ချင်းရွှေဟော် စခန်းကုန်းမှာ ဖမ်းထားတာလို့ပြောတယ်”ဟု ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းကို ခံရပြီး စစ်မှုထမ်းရန်‌ ခေါ်ဆောင်ခံရသူများမှာ လားရှိုးမြို့မှ စိုင်းလျန်းဟန် ၂၀ နှစ်၊ စိုင်းအိုက်နော် ၁၈ နှစ်၊ စိုင်းအိုက်လောဝ် ၂၆ နှစ်၊ မောင်ညီကား ၁၉ နှစ်နှင့် ကချင်ပြည်နယ် မံစီမြို့နယ်မှ စိုင်းအောင်လှိုင်း ၂၇ နှစ်၊ စိုင်းလှိုင်း ၂၆ နှစ်၊ မောင်နော်ဂွန်း ၂၀ နှစ် တို့ဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် လူငယ်များ၏ မိဘများမှာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ပြန်ရောက်လာသည့် ၎င်းတို့၏ သူငယ်ချင်းများထံမှ ဖြစ်စဉ်ကို ပြန်လည်သိရှိရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA အား ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လွတ်ပေးစေလိုကြောင်း လားရှိုးမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

MNDAA

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို ဖမ်းဆီးသွားခဲ့ပြီး မူဆယ်မြို့နယ် မုံးကိုးမြို့တွင်လည်း ကိုရင်များကို လူဝတ်လဲစေပြီး စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်ဟု ကြေညာထားသော ပန်ဆိုင်း(ကြူကုတ်)မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ဒီဇင်ဘာ ၄ ရက်နေ့က လာရောက်ခေါ်ဆောင်နေကြောင်း ပန်ဆိုင်းမြို့ ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ သတ်မှတ်ထားသည့် အထူးဒေသ(၁)တွင် ပါဝင်သော ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်တို့မှ အသက် ၁၆ နှစ်မှစ၍ အမျိုးသမီး၊ အမျိုးသား စသည့်ဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ တပ်သားအဖြစ် စုဆောင်းရန်ရှိပြီး ထိုအထဲတွင် အမျိုးသမီးများကို ရုံးပိုင်ဆိုင်ရာ ဝာာဝန်အဖြစ်လည်းကောင်း၊ အမျိုးသားများကို စစ်မှုထမ်းအဖြစ်လည်းကောင်း တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက သျှမ်းသံတော်ဆင့်သို့ နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...