MNDAA ချင်းရွှေဟော်မြို့ ကို ထိန်းချုပ်ထား

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ (အောက်တိုလာလ ၂၇)မှ စတင်ခဲ့ပြီး ညီနောက်မဟာမိတ် ၃ ဖွဲ့ သည် ချင်းရွှေဟော်မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စခန်းသိမ်း တိုက်ပွဲ ဆက်လက်ဖော်ဆောင်မည်

“ချင်းရွှေဟော်မြို့မှာတော့ ကျနော်တို့ တပ်ထိုင်ထားပါတယ်။ စစ်ကောင်စီလုံးဝမရှိတော့တဲ့ အနေအထားဖြစ် ပါတယ်”ဟု လီကျာဝင်း ကဆိုသည်။

ဆက်လက်ပြီး ယခုချိန်ထိ သျှမ်းပြည် မြောက်ဘက်တွင် စခန်းသိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်နေပြီး လက်ရှိအချိန်ထိ ချင်းရွှေဟော်မြို့ကို လုံးဝ ထိန်းချုပ်နိုင်ထားသည့် အနေထားတွင် ရှိနေကြောင်း၊ သိန္နီမြို့နှင့် မုံးကိုဒေသကို အော်ပရေးရှင်းများ ဆက်လက်ဖော်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

MNDAA အနေဖြင့် ပြည်သူလူထု နှင့် စစ်ဘေးရှောင်များကို မထိခိုက်အောင် ဆောင်ရွက်နေပြီး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ လည်း ပြင်ပ လူသားချင်းစာနာထောက်ထားမှု လုံးဝမရှိသေးသော်လည်း သက်နိုင်သမျှ ကူညီဆောင်ရွက်နေကြောာင်း သိရသည်။

ချင်းရွှေဟာ် ကိုးကန့်တပ်စွဲ

တိုက်ပွဲအတွင်းတွင်လည်း ပြည်သူများကို ဦးဆောင်၍ ညီနောက်မဟာမိတ် ၃ ဖွဲ့က အေးချမ်းတဲ့ နေရာကို ခေါင်သွားပေးကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

“ဒီအကြောင်းနဲ့ပတ်သပ်ပြီးတော့ လူတွေက ကျနော်တို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမဲစက်တင်ကြတယ်။ ဒီမှာထပ်ပြောချင်တာက ကျနော်တို့က ပြည်သူလူထု အပေါ်လုံးဝ ဖမ်းဆီးတာမတို့မရှိပါဘူး။ကျနော်တို့ ငြိမ်းချမ်းတဲ့နေရာကို ပိုပေးကြတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီကျဆုံးမှု နှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အားလုံးကို စရင်းပြုစုနေဆဲဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

“စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးမှုကတော့ ခန့်မှန်းချေအရ ရာနဲ့ချီနေပါပြီ၊ သိမ်းဆည်းရရှိမိတဲ့ လက်နက်ခဲ့ ယမ်းများ ကို ဘယ်ကထုတ်လဲ၊ ဘာအမျိုးအစားလဲဆိုတာကိုတော့ ခုချိန်ထိ အတည်မပြုနိုင်သေးပါဘူ” ဟု ၎င်း ကပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် အောက်တိုဘာလ ၂၉ ရက်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လာပြီး ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းပေါင်း(၁၁)ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန်(၁၀)ဦးဖမ်းဆီးရရှိပါသည်။ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်းစုစုပေါင်းမှာ (၅၇)ခုရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...